Arc.2 နန်ကုန်းချင်းယဲ့

2.1K 286 2
                                    

Arc7.2

ခေါင်းထဲဝင်လာသည့် ဇာတ်ကြောင်းကိုကြည့်ပြီး ရှောင်းကျန့်ခံစားလိုက်ရသည်က မူလပိုင်ရှင်၏ ချစ်ခြင်းကိုစိတ်ပျက်သွားခြင်း တစ်ခုတည်းသာ။ သေခါနီးအချိန် ထားရှိခဲ့သည့်ကတိစကားများ၊ မှတ်မိနေပါ့မယ်လို့ ပေးခဲ့သည့်ကတိစကားတစ်ခွန်း ၊ ပြန်တွေ့လိုက်ရသည့်အချိန်တွင် ရလိုက်သည့်နာကျင်မှု၊ သူ၏နောက်ဆုံးအချိန်ထိတိုင်အောင် သူ့ကိုမှတ်မိဖို့အရေး ကြိုးစားခြင်းမရှိခဲ့သည့်ထိုလူ၊ သေလုမျောပါးဖြစ်နေသည့်သူ့အား အနားတွင်ထားကာ အခြားယောက်ျားပျိုတစ်ဦးအား ပွေ့ဖက်နေပါသည့် သူချစ်ရသောထိုလူအား အကြွင်းမဲ့စိတ်ပျက်ခြင်းတို့သာ ကျန်ရစ်ခဲ့တော့သည်။

နန်းကုန်းချင်းယဲ့၏ဆန္ဒမှာ ထိုသူကိုမေ့ပျောက်ချင်သည်။ ဖြစ်နိုင်လျှင် ထိုသူကို အတိတ်ဘဝမှ မိမိတို့၏ကြည်နူးစရာမှတ်ညဏ်များ ကတိစကားများကို အမှတ်ရစေပြီး နာကျင်စေချင်သည်။ သို့သော်လည်း ထိုသူအား တစ်ပါးသူလက်ထဲရှိနေစရန်အတွက်လည်း မနှစ်မြို့ပါပေ။

မိမိကလက်လျှော့ပေးခဲ့သည့်တိုင် မိမိကိုအန္တရာယ်ပေးခဲ့သည့် လီဖုန်းယွဲ့ကိုလည်း နာကျင်စေလို၏။ ထို့ကြောင့် သူ၏နောက်ဆုံးအချိန်တွင် ထိုဆန္ဒကိုချမှတ်ခဲ့ပါ၏။

ရှင်းရှင်းပြောရပါလျှင် အချစ်ကိုစိတ်ကုန်သွားသော နန်ကုန်းချင်းယဲ့သည် ထိုသူကိုစိတ်ပျက်ခဲ့ပါသည့်တိုင် ထိုသူကို အခွင့်အရေးပေးကာ နှစ်ယောက်သားကမ္ဘာကို တည်ဆောက်ချင်ခဲ့ပါ၏။

ရှောင်းကျန့်နိုးထလာသည့်အချိန်က နန်ကုန်းချင်းယဲ့၏ငယ်ဘဝတွင် ဖြစ်သည်။ အသက်၁၁နှစ်အရွယ် နန်ကုန်းချင်းယဲ့တစ်ယောက်မှာ အမျိုးသားတန်မဲ့ သန့်စင်ယင်ရေခဲခန္ဓာကိုယ်ရှိကာ နူးညံ့လှပသောသူဖြစ်သည်။ တစ်ဖြေးဖြေးအရွယ်ရောက်လာသည်နှင့်အမျှ နန်ကုန်းချင်းယဲ့၏အလှတရားတို့ကလည်း ပို၍ပို၍စင်ကြယ်လာသည်။

ထိုကလေးငယ်၏မျက်ဝန်းတို့ကို စိုက်ကြည့်မိလိုက်ပါက  ကြည့်မိသူ၏မျက်ဝန်းထဲတွင် အခြားတစ်ပါးသူဝင်ရောက်လာဖို့ အခွင့်အလမ်းနည်းပါးပေသည်။ စူးရှ၍လှပသည့်ဖီးနစ်မျက်ဝန်းတို့က လူတစ်ဖက်သားအား ညှို့ယူနေသယောင်။

You Own Me SomeoneWhere stories live. Discover now