Arc 6.13 လီယြဲ႔ဟူ

3.4K 446 15
                                    

6.13

နှင်းလေကျွန်းအဖွဲ့ဝင်တို့၏ pheromoneများနှင့်ဖိနှိပ်ခံလိုက်ရသော ပိုင်ဟောင်မင်၏မျက်နှာတွင် သွေးမရှိတော့သလိုပင် ဖြူဖွေးနေတော့သည်။ သူဘာအမှားလုပ်လိုက်မိလည်းဆိုတာကို သူနားမလည်သလို သူ့ဘေးမှချင်းမင်လည်း နားမလည်ပါချေ။ ထို့ကြောင့် သူတို့ရှေ့တွင်ရှိနေသော လီချင်းနှင့်ချင်းကျိုးတို့ကိုကြည့်နေရုံသာတတ်နိုင်သည်။

လီချင်းက အဖွဲ့သားတွေဘက်သို့လှည့်ကြည့်လိုက်ရာ ကိုယ်စီကိုယ်စီpheromoneများကို ပြန်လည်သိမ်းစည်းသွားကြသည်။ ချင်းကျိုးကတော့ နှုတ်ခမ်းတွင်အပြုံးပါးလေးတစ်ချက်ဆွဲကာ သူ့အရှေ့ကပိုင်ဟောင်မင်ကို ကြည့်နေလေသည်။သို့သော်လည်း ထိုအပြုံးထဲတွင်တော့ လှောင်ပြောင်သည့်အရိပ်အယောင်များ ရောယှက်နေလေသည်။ သူ့အားနားမလည်သလိုပုံလေးနှင့်ကြည့်လာသည့် ပိုင်ဟောင်မင်ကို သူ့စိတ်ထဲမှာ မည်မျှအထိရွံရှာနေသည်ဆိုတာကို ချင်းကျိုးကိုယ်တိုင်သာသိပေလိမ့်မည်။

''မင်းပါးစပ်ကနေ ယွဲ့ဟူရဲ့နာမည်ထွက်ဖို့တောင်မတန်တာမို့ ယွဲ့ဟူကိုအပြစ်ပြောပိုင်ခွင့် မင်းမှာရှိတယ်များတွေးနေတာလား''

ထိုအခါ ပိုင်စောင်မင်၏မျက်နှာလေးက ပြိုကျသွားကာ ''အစ်ကိုချင်းကျိုး ကျွန်တော့်ကိုအထင်လွဲနေပြီ ကျွန်တော်က ယွဲ့ဟူကိုလူမှုရေးသိတတ်စေချင်တာပါ သူကအခုလိုထွက်သွားလိုက်တော့ ကျွန်တော်တို့နေရာမှာ တစ်ခြားဧည့်သည်သာဆိုလျင် သူ့လုပ်ရပ်ကြောင့် စခန်းခေါင်းဆောင်ဖြစ်တဲ့အစ်ကိုတို့ နာမည်ပျက်သွားနိုင်တယ်လေ ဒါ့ကြောင့်ကျွန်တော်က ပြောမိတာပါ ဒါကို အစ်ကိုတို့ရော ကျွန်းပေါ်ကလူတွေရော ကျွန်တော့်ကိုဘာလို့စိတ်ဆိုးသွားလဲဆိုတာ ကျွန်တော်နားမလည်ဘူး''

မျက်နှာငယ်လေးနှင့်ချင်းကျိုးကိုကြည့်ကာ ပြောလာသည့် ပိုင်ဟောင်မင်မှာ အမှန်တစ်ကယ်ပင် နွမ်းလျနေသောကြာပန်းဖြူလေးသဖွယ်ပင်။ ယခုနေရာတွင် အခြားလူများသာရှိပါက ပိုင်ဟောင်မင်၏ သနားစရာသရုပ်ဆောင်မှုထဲတွင် ခြေပစ်လက်ပစ်မျောပါသွားနိုင်ပေမယ့် ယခုနေရာတွင်တော့ မွှန်ထူနေသောချင်းမင်မှလွဲ၍ မည်သူကမှသနားစရာဟုမထင်ကြတော့ပေ။

You Own Me SomeoneDonde viven las historias. Descúbrelo ahora