Arc5.2 စစ်ရိပ်ခြံ

5.6K 592 11
                                    

Arc5.2 စစ်ရိပ်ခြံ

''သခင်လေးက ကိုယ်ခံအားနည်းလို့အခုလို ဖြစ်သွားတာပါ ကိုယ်ဝန်လည်းရှိနေတာမို့ ပိုပြီးဂရုစိုက်ပေးပြီး အာဟာရပြည့်ဝအောင်စားပေးပါ ကျွန်တော်အားဆေးလည်းပေးခဲ့ပါ့မယ်''

''ကောင်းပါပြီ ကျေးဇူးတင်ပါတယ်''

ဆရာဝန်နဲ့စကားပြောနေတဲ့ သူ့ဘေးကလူကိုကြည့်ုပြီး ဇာတ်လိုက်ကဘယ်လိုဖြစ်လို့ပြန်ရောက်နေတာလည်းဆိုပြီး
စဉ်းစားနေမိသည်။ မူရင်းဇာတ်ကြောင်းအရဆိုရင် စစ်ရိပ်ခြံဟာ သူ့ရဲ့နောက်ဆုံးလက်ကျန်အားလေးနဲ့သာ ဆရာဝန်စီဖုန်းဆက်ခေါ်ခဲ့ရတာဖြစ်ပြီး ဇာတ်လိုက်ကတော့သူပြန်သတိရလာတဲ့အထိ အိမ်ပြန်မရောက်ခဲ့ပေ။

'ဖန်ရှင်း ဇာတ်လိုက်ကဘယ်လိုဖြစ်လို့ ပြန်ရောက်လာရတာလဲ ငါတောင်ဘာမှမလုပ်ရသေးဘဲ ဇာတ်ကြောင်းကပြောင်းနေပြီလား'

[ကျွန်တော်လည်းမသိဘူးhost သွားပြီးစုံစမ်းပေးရမလား]

'နေပါစေတော့ ထားလိုက်ပါ'

[ဟုတ်ကဲ့ပါhost]

အေးစက်နေတဲ့hostရဲ့ပုံစံကို သူ့အနေနဲ့မရင်းနီးသလို အသားလည်းမကျ။

ဆရာဝန်နဲ့ဇာတ်လိုက်တို့ ထွက်သွားပြီးတဲ့နောက် ဒီခန္ဓာကိုယ်ရဲ့ရုပ်ရည်ကိုကြည့်ဖို့အတွက် ရေချိုးခန်းထဲကိုဝင်လိုက်သည်။

မှန်ထဲကိုကြည့်လိုက်တော့ ကြည်လင်နေတဲ့အသားအရေနဲ့ အစိမ်းနုရောင်မျက်ဝန်းလေးတစ်စုံနှင့်စုံသည်။ စိုရဲရဲနှုတ်ခမ်းလေးနဲ့ နှာတံချွန်ချွန်လေးက မျက်နှာလေးနှင့်လိုက်ဖက်စွာတည်ရှိနေပေမယ့် အားမရှိလို့ဖြူဖျော့နေကာ မျက်ကွင်းညိုညိုလေးတွေကလည်း ရှိနေပြန်သည်။

[ကျွန်တော် ရုပ်ရည်မြှင့်တင်ခြင်းလုပ်ပေးရမလားဟင်]

'ရတယ်ထားလိုက်တော့ နေမကောင်းတဲ့အတိုင်းပဲနေရမှာပေါ့'

ဆရာဝန်ကိုလိုက်ပို့ပြီး အခန်းထဲကိုပြန်ဝင်လာတော့ ရိပ်ကိုမတွေ့ရ။ ရေချိုးခန်းကရေသံကြားလိုက်ရမှ ရေချိုးခန်းထဲဝင်နေတယ်ဆိုတာ သိလိုက်ရသည်။

You Own Me SomeoneDonde viven las historias. Descúbrelo ahora