Arc 4.6 ရုန်လဲ့
ရုန်ဝမ် အစည်းအဝေးသွားဖို့ ထလိုက်တော့ ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ ကောင်လေးကိုတွေ့လိုက်ရသည် ။
ဟုတ်သားပဲ သူကောင်လေးကို မေ့နေခဲ့တာ ။ ဆိုဖာက အရပ်ရှည်တဲ့ ကောင်လေးရဲ့ အရပ်နဲ့မကိုက်ဘဲ အိပ်ရတာသက်သောင့်သက်သာ ဖြစ်မနေပေ။အလုပ်စားပွဲပေါ်က ခလုတ်တစ်ခုကိုနှိပ်လိုက်တော့ အနောက်ကနံရံပွင့်သွားပြီး အခန်းတစ်ခန်းပေါ်လာသည် ။ အိပ်ပျော်နေတဲ့ ကောင်လေးကို ပွေ့ချီလို့ အနောက်ကအခန်းထဲဝင်သွားလိုက်ပြီး အထဲက ကုတင်ပေါ်အသာချပေးကာ နွေးထွေးအောင် စောင်ပါသေချာခြုံပေးလိုက်သည်။
ပြီးတော့ noteစာရွက်လေး တစ်ရွက်ရေးလိုက်ပြီး ကောင်လေးရဲ့ခေါင်းရင်းမှာ ကပ်လိုက်သည်။ ရေနဲ့ မုန့်ဘာညာအကုန်လိုက်ကြည့်ပြီး အားလုံးရှိတယ်ဆိုမှ အခန်းကိုပြန်ပိတ်ကာ အပြက်ထွက်လာလိုက်သည် ။ အထဲမှာ မှောင်နေမှာမို့ မီးထွန်းထားဖို့လည်း မမေ့ခဲ့ ။ အခန်းကို နွေးနွေးလေးဖြစ်အောင် အပူပေးစက်ကိုလည်း ဖွင့်ထားခဲ့သည် ။
ဒီအခန်းက သူအိမ်မပြန်ဖြစ်တဲ့ နေ့တွေမှာ အိပ်ခဲ့နဲ့အခန်းပင် ။ အခုတော့ ဒီကောင်လေးဟာ ဒီအခန်းထဲကို ဝင်ခွင့်ရသည့် ဒုတိယလူသားပင်။
လိုအပ်တဲ့စာရွက်စာတမ်းတွေ အကုန်ယူပြီး အပြင်ထွက်လိုက်တော့ သူ့ကိုစောင့်နေတဲ့ ချန်းနဲ့ အတွင်းရေးမှူး ။ သူထွက်လာတော့ အတွင်းရေးမှူးက သူ့ကို မျက်လုံးရွဲကြီးတွေနဲ့ကြည့်နေတာ မြင်ပေမယ့်လည်း အထူးအထွေ အဖက်လုပ်မနေတော့ဘူး ။
အရှေ့ကနေ အစည်းအဝေး ခန်းကိုသာ သွားလိုက်တယ် ။ သူ့စိတ်ထဲမှာ ရှိတာက ကောင်လေးမနိုးခင် အစည်းအဝေးပြီးအောင်လုပ်ဖို့ပင် ။
အစည်းအဝေးခန်းထဲကို ဘေးချင်းယှဉ်ပြီးဝင်လာတဲ့ bossနဲ့ သူမကိုကြည့်ပြီး တိုးတိုးပြောနေတဲ့ တစ်ချို့ရှယ်ယာရှင်တွေကိုကြည့်ပြီး တိတ်တခိုးပြုံးလိုက်မိသည်။
အမှန်ဆို bossက သူမကိုပြောမှာပေမယ့် အခုတော့ စိတ်ကတခြားလူစီရောက်နေတာမို့ သူမကိုဂရုမစိုက်တာကို အခွင့်ကောင်းယူပြီး ဘေးချင်းယှဉ်လို့ဝင်ခဲ့တာပင် ။
YOU ARE READING
You Own Me Someone
FanfictionYou Own Me Someone Xiao Zhan က အသက် 17နှစ်သာရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်နေ့ သူ့crush ဆီကအပြန် လမ်းမှာ ကားတိုက်ခံရပြီး system space ထဲ ရောက်သွားတဲ့အခါ .......... You Own Me Someone Xiao Zhan က အသကျ 17နှစ်တာ ရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်န...