Arc5.9 စစ်ရိပ်ခြံ

4.2K 545 12
                                    

arc5.9

asura နာမည်နဲ့အတူ ဂိုဏ်းမှာရှိတဲ့လူတွေဟာလည်း နတ်ဆိုးတမျှရက်စက်ကြသည်။ asuraရောက်လညတဲ့နေရာတိုင်းဟာ တိတ်ဆိတ်သွားရစမြဲ။ ဂိုဏ်းတည်ထောင်သူ နှစ်ယောက်ရှိနယ်လ်ု့ိ သတင်းထွက်နေပေမယ့် ကိစ္စတွေကို asuraတစ်ယောက်တည်းကသာ ရှင်းလင်းသည်။

နောက်ထပ်တည်ထောင်သူတစ်ဦးက လူရှေ့ကိုထွက်မလာပေ။

asuraဟာ ဒုစရိုက်လုပ်ငန်းတွေအတွက် တည်ထောင်ထားတာမဟုဘဲ မြေအောက်လောကမှာအင်အားတစ်ခုရဖို့အတွက်သာ တည်ထောင်ထားခြင်းဖြစ်သည်။ စီးပွားရေးပြိုင်ဘက်တွေက တည်ထောင်သူရဲ့လုပ်ငန်းကို ထိခိုက်လာတဲ့အခါကျရင် asuraထွက်ပေါ်လာလိမ့်မည်ဖြစ်ပြီး ထိပါးလာသူမှန်သမျှဟာလည်း နေအလင်းရောင်ကို ထပ်တွေ့နိုင်တော့မည်မဟုတ်ပေ။

လွန်ခဲ့သည့်နှစ်နှစ်ကစပြီး asuraဟာ တည်ငြိမ်လာပြီး ကိစ္စတွေကိုဝင်ပါခြင်းမရှိတော့ချေ။ asuraကို ထိပါးရဲတဲ့လူမရှိတော့တာကြောက့်လည်း ဖြစ်သည်။ သို့သော်လည်း အချို့လူတွေကတော့ asuraဟာ ပြိုကွဲသွားခြင်းလို့ တွေးထင်ကြပြီး asuraကို ယှဉ်ပြိုင်ဖို့ ကြိုးစားလာကြသည်။

ထိုထဲကဂိုဏ်းတစ်ခုကတော့ asuraနောက်မှ နာမည်ကြီးလာသော devilဂိုဏ်း။

asuraငြိမ်သွားမှ တည်ထောင်ထားခြင်းဖြစ်ပြီး ဒုစရိုက်မျိုးစုံကိုလုပ်သည်။ အင်အားကို ဖြည်းဖြည်းချင်းစုဆောင်းရင်း asuraမရျီတော့သော မြေအောက်လောကမှာ သူတို့ကိုယှဉ်နိုင်သည့်လူဟာ မရှိတော့ချေ။

သို့သော်လည်း လူတွေက သူတို့ကို ဒုတိယနေရာမှာသာထားရှိသည်။ သူတို့ရဲ့ရင်ထဲကို အကြောက်တရားတွေရိုက်သွင်းသွားသည့် asuraကို သူတို့တွေနံပါတ်တစ်အဖြစ် သက်မှတ်ထားသည်။ ဒါကိုပင် devilရဲ့ခေါင်းဆောင်က မကျေနပ်ဘဲ asuraကို နည်းအမျိုးမျိုးနှင့်ရန်စတော့သည်။

သူ့အင်အားဟာလည်း asuraနဲ့မကွာခြားဟုတွေးကာ asuraကိုဖျက်စီးဖို့အတွက် ကြံစည်နေလေသည်။ သို့်ပေမယ့် သူမသိတာက asuraဟာပျောက်ကွယ်သွားတာ မဟုတ်ပါဘဲ အိပ်စက်နေခြင်းပင်ဆိုတာကိုပင်။ အိပ်စက်နေသောasuraက လွယ်လွယ်နဲ့ နိုးထလာမှာမဟုတ်ပေမယ့် asuraနိုးထလာရင်လည်း ထိုသူဟာ ပျက်စီးခြင်းနဲ့ကြုံရပေလိမ့်မည်။

You Own Me SomeoneTahanan ng mga kuwento. Tumuklas ngayon