Arc 2.5

10.4K 1K 62
                                    

Arc 2.5

" တောက်.. သူလို လက်တောက်လောက်ကလေးကများ ငါ့ကို ခြိမ်းခြောက်သွားတယ်... "

ရီဟွား သူ့ရှေ့က အမျက်ထွက်နေတဲ့ ဖခင်ဖြစ်သူကို ကြည့်ရင်း သက်ပြင်းတွေချနေမိတာ အခါခါပင် ။ ထီးနန်းကိုမက်မောလွန်းလို့ သမီးကိုတောင် ရက်စက်တဲ့နန်းတွင်းထဲပို့ပြီး သူ့အတွက် မျက်စိတွေနားတွေဖြစ်စေခဲ့တာ ။

သူမကတစ်ဆင့် အိမ်ရှေ့စံနန်းတက်တဲ့အချိန်မှာ ထိန်စချုပ်ချင်နေတာ ။ သူမကလည်း အိမ်ရှေ့စံကို ကိုယ်တိုင်ကချစ်နေမိတာမို့ သူမဖခင်ရဲ့ အကြံအစည်ကို အကောင်အထည်ဖော်ပေးခဲ့သည် ။

အခုတော့ ညီလာခံမှာ အိမ်ရှေ့စံပြောလိုက်တဲ့ စကားကို သူမအဆောင်မှာလာပြီး ပေါက်ကွဲနေတဲ့ ဖခင်ကိုကြည့်ပြီး သူမလည်း လန့်လာမိသည် ။

" အဖေ... စိတ်ကိုလျှော့ပါ အိမ်ရှေ့စံက အဖေ့ကိုပြောတာမဟုတ်ဘူးလေ.. ပြီးတော့ ဒီကိစ္စ သမီးတို့လက်ချက်ဆိုတာလည်း သူမသိသေးဘူးလေ... "

" သူမသိသေးဘူးလို့ တထစ်ချယုံထားလို့ မရဘူး... ရီဟွား သမီးပြောတော့ အိမ်ရှေ့စံက သမီးစီမှာ ကျဆုံးနေပြီဆို.. အခု ဘယ်လိုဖြစ်လို့ ဟိုအကောင်ကို ပြန်ခေါ်လာရတာလဲ ဘယ်လိုတွေဖြစ်သွားတာလဲ.. အခု အဆိပ်ခတ်တဲ့ကိစ္စလည်း ပေါ်သွားပြီ.... ဟိုကောင် သူ့ကိုမလိမ်မှန်းလည်း သူသိသွားလောက်ပြီ ရှေ့ဆက်ပြီး သမီးမှာယုံကြည်ချက် ရှိသေးရဲ့လား.. "

" အခုထိတော့ အိမ်ရှေ့စံက သမီးကိုအရင်လိုပါပဲ.. တစ်ခုတော့ရှိတယ် ဟိုတစ်နေ့က သူ့နန်းဆောင်နဲ့ ပိုင်ရှို့ရှီးနန်းဆောင်မှာ သမီးထားထားတဲ့ လူနှစ်ယောက်ကိုတော့ သမီးစီပို့သွားတယ်.. "

" ရှောင်ပိုင်နဲ့ အားရင်လား.. သူက သူတို့ကို ဘယ်လိုသိသွားတာလဲ.. ဒါဆို အဆိပ်ကလဲ သမီးခတ်တာဆိုတာသူသိလောက်ပြီ သက်သေမရှိသေးလို့ ငြိမ်နေတာနေမှာ.. အဖေဒီကပြန်သွားရင် သမီး သူ့အဆောင်ကိုသွားလိုက်ဦး သမီးစီကနေ ဘယ်ကိုမှ ရောက်မသွားစေနဲ့ သိပြီလား.. "

" ဟုတ်ကဲ့ပါအဖေ သမီးသိပါတယ် . . "

" ကောင်းပါပြီ ဒါဆို အဖေပြန်လိုက်ပါဦးမယ် သက်သေတွေဖျောက်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရဦးမယ်.. "

You Own Me SomeoneWhere stories live. Discover now