Arc 1.2

14.7K 1.3K 33
                                    

Arc1.2

"သခင်လေး..... သခင်မကြီးက ညစာစားဖို့ ခေါ်ခိုင်းလိုက်ပါတယ်"
"လာပြီ ဦးလေးယွန်.... ပါးပါးရော ပြန်ရောက်ပြီလား"
"သခင်ကြီးလဲ... စောင့်နေပါတယ်"
"ဟုတ်... ကျွန်တော်လာပြီ"
ရှောင်းကျန့် ထမင်းစားခန်းထဲရောက်တော့ သူ့မားတဲ့အတူ လူတစ်ယောက်ပါ ထိုင်နေသည် မူလပိုင်ရှင်ရဲ့ မှတဉာဏ်များအရ ထိုသူက သူ့ပါးပါးပင်
အသက်လေးဆယ်ကျော် အရွယ်ပေမယ့် အခုထိ ခန့်ညားပြီး ချောမောဆဲ
ရုပ်ရှိရေလျှံပုံစံမျိုး
သူလည်း ပါးပါးကို အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်လိုက်သည်
"ပါး..... "
" အားကျန့်... သား နောက်ဆုံးတော့ အိမ်ပြန်လာပြီပေါ့လေ"
" ပါး..... သားမှားတာ သိပ်တယ် သားကို စိတ်မဆိုးပါနဲ့တော့ "
"သားကို ပါး စိတ်မဆိုးပါဘူး...
ပါးက သား ဆရာဝန်မလုပ်တာကိုပဲ နှမြောတာပါ"
"စိတ်မပူပါနဲ့.. သား အသက်ကြီးသွားရင် ဆရာဝန် လုပ်မှာပေါ့"
"အင်းပါ... သား အလု သရုပ်ဆောင်ပဲ ဆက်လုပ်မယ်ပေါ့ "
"မဟုတ်ဘူး.... သား မော်ဒယ်လောကထဲ ပြောင်းတော့မယ် ပြီးတော့ ကုမ္ပဏီလည်း ပြောင်းမယ်"
"ဘာလို့လဲ... "
"အဲ့ကုမ္ပဏီနဲ့ သားနဲ့ အဆင်မပြေဘူး သားအကြောင်း သတင်းမှားတွေကို သေချာစုံစမ်း မပေးဘဲ သားကို ဖယ်ထားကြတယ်"
"Host.... ကုမ္ပဏီက host ကို အခုထိ မဖယ်ထားသေးဘူးလေ"
"အဟက် .... အခုမဟုတ်ပေမယ့် မူလပိုင်ရှင်ကို ဖယ်ကြတယ်လေ စောင့်ကြည့်နေစမ်းပါ အဲ့ကုမ္ပဏီကို ငါဘယ်လို လုပ်မလဲဆိုတာ"
့Host ရဲ့ ရီသံကြီးကို ကြားရတဲ့ ဖန်ရှင်းလေးကတော့ ကုမ္ပဏီအတွက် အမွှေးတိုင် ကြိုထွန်းထားလိုက်သည်
"ဒါနဲ့ ဖန်ရှင်း ငါ့ကို ဇာတ်လိုက်မ ဘာလုပ်နေလဲ စုံစမ်းပေး"
"host ဇာတ်လိုက်မက host စီလာဖို့ပြင်နေတာပါ နောက်ရက် shopping သွားဖို့ လာပြောတာပါ host သတိထားပါ မူလပိုင်ရှင် ဆေးရုံရောက်တာ ဒီအပြင်သွားတဲ့ ကိစ္စကြောင့်ပါ"
"aww.... ငါမလိုက်ရင်ရော ဘာဖြစ်မလဲ"
"ကြိုက်သလို လုပ်လို့ ရပါတယ် host"
"ဒါနဲ့ ငါတို့ အခုသွားမယ့် နေရာ ဇာတ်လိုက်ရော လာမှာလား"
"ဟုတ်ပါတယ် host ဇာတ်လိုက်က သူ့ကုန်တိုက်ကို လာစစ်ဆေးရင်း ဇာတ်လိုက်မကို တွေ့တာပါ"
"ဒါဆို ဆေးရုံမှာ အရင်တွေ့တာ မဟုတ်ဘူးပေါ့"
"ဟုတ်ပါတယ်.... host ဆေးရုံမှာက ဒုတိယအကြိမ်ပါ
host side mission ပွင့်ပါပြီ ဇာတ်လိုက်မကို ဇာတ်လိုက်က အမြင်မကြည်အောင်လုပ်ပါ"
" point ဘယ်လောက်လဲ point နည်းရင်တော့လား.. "
" points 100ပါ host. "
"ok.... လက်ခံတယ်.. "
စိတ်ထဲမှာ ဖန်ရှင်းနဲ့ စကားပြောနေပေမယ့် အပြင်ဘက်မှာတော့ မျက်စိရှေ့က အစားအသောက်တွေကို ပလုတ်ပလောင်း ထိုင်စားနေသည်
*ဒီလောက်ကောင်းတဲ့ အစားအစာတွေကို နည်းနည်းလေးပဲ စားရအောင် ငါလေးက အာဟာရသိဒ္ဓိ ပြီးနေတာလည်းမဟုတ် *
ဖန်ရှင်းလေးကတော့ စိတ်ထဲကနေ ပြောလိုက်ပါတယ်
*host အစားပုတ်ရင် ပုတ်တယ်ပြောပါလို့. *
ဖန်ရှင်းလေးရဲ့ အတွေးကို မသိတဲ့ ရှောင်းကျန့်လေးကတော့ အစားအသောက်တွေကို မြိန်ရေရှက်ရေ စားလျှက် အလုပ်ရှုပ်နေသည်
သူ့ပါးနှစ်ဖက်လုံးက အစားအသောက်တွေကြောင့် ပြည့်ဖောင်းနေလျက်
ရှောင်းသခင်ကြီးနဲ့ သခင်မကြီးတို့မှာ သူတို့သားလေးရဲ့ ပုံစံလေးကို ကြည့်ပြီး ပျော်ရွှင်နေကြသည်
သူတို့မှာ သူတို့သားလေးကို တွေ့ချင်ပေမယ့် အဆက်အသွယ် ဖြတ်ထားတဲ့ သားဖြစ်သူကြောင့် မတွေ့ခဲ့ရ သူတို့အင်အားနဲ့ စုံစမ်းလို့ ရပေမယ့် သားဖြစ်သူရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်သလို ,,ဖြစ်နေမှာစိုး၍ စုံစမ်းတာဆွေ မလုပ်ခဲ့ အခုတော့ သူတို့သားလေး အိမ်ပြန်လာပြီ
သူတို့သားလေးကို မျက်စိအောက်က အပျောက်မခံတော့
"သား.... ကုမ္ပဏီ ပြောင်းဖို့ ရှာပြီးပြီလား ပါး မိတ်ဆွေရဲ့ ကုမ္ပဏီနဲ့ ချိတ်ပေးမယ်လေ"
"ဘယ်ကုမ္ပဏီလဲ.... ပါး"
" DB ကုမ္ပဏီ.. "
[ဖန်ရှင်း အဲ့တာ ဇာတ်လိုက်ရှိတဲ့ ကုမ္ပဏီမလား]
[ ဟုတ်ပါတယ် host]
"ဟုတ်ကဲ့ ပါး အဆင်ပြေရင် ဆက်သွယ်ပေးပါ့လား"
"ဟုတ်ပြီ ပါး ဆက်သွယ် ပေးမယ်"
"ဟုတ် ပါး ကျေးဇူးပါ ... ကျွန်တော် စားပြီပြီ သွားနားတော့မယ်နော် မား ကျွန်တော် သွားနားတော့မယ် "

You Own Me SomeoneWhere stories live. Discover now