Arc5.4စစ်ရိပ်ခြံ

5K 570 37
                                    

မပြောမဆိုနဲ့ပျောက်သွားတဲ့အတွက် တောင်းပန်ပါတယ် သာသာ့ရဲ့ personal ကိစ္စလေးတွေရော ကျန်းမာရေးကိစ္စလေးတွေရောကြောင့် ပျောက်သွားတာပါ။ မနေ့က update လာတောင်းတဲ့ဒါဒါလေးကို မနေ့ကupပေးမယ်ပြောခဲ့ပေမယ့် ကတိမတည်သလိုဖြစ်သွားလို့ တောင်းပန်ပါတယ် ။ သာသာ့လက်က ရုတ်တရက်ကြီး ထနာလာပြီး ဘယ်လိုမှစာရေးလို့အဆင်မပြေလို့ပါ။ တောင်းပန်ပါတယ်။
...........................
Arc5.4 စစ်ရိပ်ခြံ

အခုဆိုရင် သူ့အနားကနေရိပ်ထွက်သွားခဲ့တာ သုံးလရှိပြီ။ ရိပ်အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းကို လူချင်းတွေ့ပြီး မေးလိုက်ချင်ပေမယ့် အပုန်းကောင်းသူလေးကို ဘယ်မှာမှရှာမတွေ့ခဲ့ပေ။ နိုင်ငံခြားကိုထွက်သွားတယ်ထင်ပြီး လိုက်ရှာပေမယ့်လည်း ထိုနေ့က ပြည်ပထွက်ခွာသူစာရင်းထဲမှာ ရိပ်ရဲ့နာမည်မပါခဲ့။

ဒီနိုင်ငံထဲမှာတင် သူရှာမတွေ့အောင်ပုန်းနိုင်တဲ့ရိပ်ဟာ အရမ်းကိုတော်လွန်းပါသည်။

ဘယ်သူ့ကိုမှအဆက်အသွယ် မလုပ်တဲ့သူဟာ နေနိုင်လွန်းလှပါသည်။ နှစ်ဖက်မိဘတွေနဲ့ အဆက်အသွယ်မပြတ်လောက်ဟု ထင်ခဲ့ပေမယ့်လည်း နေနိုင်လွန်းစွာပင် နှစ်အိမ်လုံးက ဘယ်သူ့ကိုမှအဆက်အသွယ် မလုပ်ခဲ့ပေ။

နှိုင်းသဇင်ကိုလည်း စောင့်ကြည့်နေရသေးသည်။ သူမသိလိုက်တဲ့အချိန်မှာ ရိပ်ရှိတဲ့နေရာကိုရှာတွေ့ပြီး ရိပ်ကိုအန္တရာယ်ပြုမှာလည်း စိုးရိမ်ရသည်။

တစ်ဖက်ကနှိုင်းသဇင်ဟာလည်း သုံးလလုံးလုံး ရိပ်ကိုရှာမတွေ့လို့ ပူလောင်နေပေပြီ။ ပိုဆိုးသည်က ရိပ်မှာ ကိုစစ်ရဲ့ကလေးပါသွားတယ်ဆိုတဲ့ စိတ်က သူ့ကိုပို၍ပူလောင်အောင် လောင်မြိုက်နေသည်။

စစ်ရိပ်ခြံဆိုတဲ့ အကောင်က ကိုစစ်ကို ကလေးနဲ့သိမ်းသွင်းဖို့ကြံနေသည်မလား။ ထို့ကြောင့် ကိုစစ်ထက်အရင်ဦးစွာ သူမသူ့ကိုတွေ့ဖို့လိုအပ်သည်။ ထိုမှသာ သူတို့သားအဖနှစ်ဦးလုံးအား ကိုစစ်အနားကရှင်းထုတ်ပြီး သူမက ကိုစစ်အနားကိုပြန်သွားနိုင်မည်။

သူမရဲ့အတွေးတွေကို ။ screenပေါ်မှာပေါ်နေတဲ့ နံပါတ်ကိုကြည့်လိုက်တော့ သူမခိုင်းထားတဲ့လူစီကဖြစ်တာမို့ ဖုန်းကိုင်လိုက်ပြီး သူမသိချင်တဲ့သတင်းကိုနားထောင်လိုက်သည်။

You Own Me SomeoneOnde histórias criam vida. Descubra agora