Zawgyi
Arc4.11 ရုန်လဲ့
ပျော်စရာတွေနဲ့ပြည့်နေတဲ့ ပါတီပွဲက ချက်ချင်းပင်သွေးပျက်ခြောက်ခြားဖွယ် တွေနဲ့ ပြည့်နှက်သွားတော့သည်။
ဧည့်သည်တွေနဲ့စကားပြောနေရင်း လဲကျသွားတဲ့ကလေးကြောင့် အမြန်သွားလိုက်ပေမယ့် မမီလိုက်တော့ ။ ကလေးရဲ့ဝမ်းဗိုက်မှာ ကျည်ရာတစ်ခုကရောက်နှင့်နေပြီ။
'ဖြစ်ပြန်ပြီ ငါရှိနေရက်နဲ့ သူထိခိုက်တာကိုမတားနိုင်ခဲ့ပြန်ဘူး'
ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းနဲ့အတူ သူ့ကလေးကိုထိခိုက်စေတဲ့လူကို ရှာဖွေလိုက်သည်။ ပါတီထဲရောက်နေတဲ့လူတွေဟာလည်း သူ့စီကထွက်နေတဲ့ လူသာမာန်မဟုတ်တဲ့အရှိန်အဝါတွေကြောင့် နေရာမှာတင်ကြောင်အစွာ ရပ်နေကြပြီး ဘယ်သူမှမလှုပ်ရဲကြ။
''ဘယ်သူလဲ အခုနေထွက်လာရင်သက်သာမယ် မဟုတ်ရင် ရှိသမျှလူတွေအကုန်လုံးကို ငရဲကိုပို့ပစ်မယ်''
ရေခဲတစ်မျှအေးစက်နေတဲ့အသံကြောင့် အလိုအလျောက်ပင် ကျောထဲကအထိအေးစက်မှုကို ခံစားလိုက်ကြရသည်။ အားလုံးရဲ့စိတ်ထဲမှာလည်း ရုန်လဲ့ကိုလုပ်ကြံတဲ့လူကို သတ်ပစ်ချင်စိတ်တွေပေါ်လာကြသည်။
''ဘယ်သူလဲလို့မေးနေတယ်နော်''
တစ်ခါပြီးတစ်ခါ ပိုပိုပြီးအေးစက်လာတဲ့အသံဟာ သတ်ဖြတ်ချင်စိတ်တွေကိုလည်း ဖုံးကွယ်မထားဘဲ ထိတ်လန့်မှုကိုပိုပိုတိုးကာ ခံစားရစေသည်။
''ကောင်းပြီ မပြောကြဘူးပေါ့ အစတုံးကတော့သက်ညှာပေးမလို့ဘဲ အခုတော့အားလုံးငရဲကို သွားကြတော့''
ထွက်ပေါ်လာတဲ့ဖိအားနဲ့အတူ ရှိသမျှလူတိုင်း အသက်ရှူကြပ်မှုကိုခံစားနေရသည်။ ဖန်ရှင်းမှာလည်း သတိလစ်နေတဲ့သခင်ဖြစ်သူနဲ့ စိတ်လွတ်နေတဲ့အရှင်သခင် နှစ်ယောက်ကြားမှာ ဗျာများနေရသည်။
အရင်ဆုံး သူ့hostကိုသတိရလာစေဖို့ ဆေးအရင်ပေးလိုက်သည်။ ဘာလို့ဆို အခုနေ အရှင်သခင်ကိုတားနိုင်တဲ့လူက hostတစ်ယောက်ပဲရှိတာမို့ပင်။
''အစ်ကိုကြီး''
သူ့ရှေ့ကလူတွေအားလုံးကို သတ်ပစ်ဖို့လုပ်နေတုံး ကြားလိုက်ရတဲ့အသံလေးကြောင့် သူ့လက်ထဲကကောင်လေးကိုငုံ့ကြည့်လိုက်တော့ ဖျော့တော့လွန်းသည့်အပြုံးလေးနဲ့ သူ့ကိုကြည့်နေတဲ့ကလေး။
ESTÁS LEYENDO
You Own Me Someone
FanficYou Own Me Someone Xiao Zhan က အသက် 17နှစ်သာရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်နေ့ သူ့crush ဆီကအပြန် လမ်းမှာ ကားတိုက်ခံရပြီး system space ထဲ ရောက်သွားတဲ့အခါ .......... You Own Me Someone Xiao Zhan က အသကျ 17နှစ်တာ ရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်န...