Arc5.6 စစ်ရိပ်ခြံ

4.9K 580 33
                                    

you တို့ရဲ့ သာသာအချောလေး တုတ်ကွေးကွေးနေလို့ ပြီးသလောက်ပဲတင်ပေးလိုက်ပါတယ်

ဘေလ်ထည့်ပေးတဲ့ဒါဒါလေးတွေအားလုံး ကျေးဇူးအများကြီးတင်ပါတယ်

သာသာတို့မြို့မှာ lock down ချထားလိုက်ပါပြီ အိမ်အပြင်ထွက်ဖို့ တော်တော်လေးခက်သွားပါပြီ
.......................................................

Arc5.6

ဆေးရုံခန်းလေးထဲမှာတစ်ညအိပ်ပြီး နောက်နေ့မနက်မှာဘဲ ရန်ကုန်မှာရှိတဲ့ 'မာန့်'သူငယ်ချင်းဆိုသူရဲ့ ဆေးရုံစီပြောင်းခဲ့ရသည်။ ဆေးရုံမှာတစ်ပတ်ထပ်နေခဲ့ရပြီး စိတ်ချပြီဆိုမှပဲ သူတို့ရဲ့အိမ်လေးစီ ပြန်လာခဲ့သည်။

သူတို့ကလေးလေးရဲ့ အခြေအနေလည်း စိတ်ချရပြီဆိုတာ့ အခုအချိန်က သူ့ကလေးလေးကိုထိဖို့ကြိုးစားခဲ့တဲ့ ထိုလူစုကို ပြန်ပြီးသင်ခန်းစာပေးရမည့်အချိန်ပင်။

နှိုင်းသဇင်တို့လူတစ်စုကို ဖမ်းထားသည့် နေရာကိုမာန်ကသူ့ကိုခေါ်လာပေးသည်။ အိမ်ရဲ့အနောက်ဘက်က ဂိုထောင်ထဲမှာဖြစ်ပြီး သူတို့ရောက်လာတော့ မာန့်ရဲ့လူတွေက နှိုင်းသဇင်တို့ကို ကောင်းကောင်းဂရုစိုက်ပေးထားတာကို တွေ့လိုက်ရသည်။

သူဝင်လာတာကိုကြည့်နေတဲ့ နှိုင်းသဇင်ရဲ့မျက်လုံးထဲမှာ ရွံရှာနေတဲ့ပုံတွေတွေ့ပေမယ့် မာန့်ဘက်ကိုအကြည့်ရောက်သွားချိန်မှာတော့ သူမမျက်ဝန်းထဲမှာ ကြောက်ရွံ့မှုတွေဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

''ရိပ် သူတို့ကိုဘာလုပ်ချင်လဲ ကိုယ့်ကိုပြော ရိပ်လုပ်စေချင်တဲ့အတိုင်း သူတို့ကိုကိုယ်လုပ်ပေးမယ် ''

''ကျန်တဲ့လူတွေကို တရားစွဲလိုက် နှိုင်းသဇင်ကိုတော့ ပြန်လွှတ်ပေးထားလိုက် ကျွန်တော့်ကလေးကိုလာထိတဲ့ သူ့ဘဝ စုတ်ပြတ်သတ်သွားအောင် ကျွန်တော်ကိုယ်တိုင်လက်စားချေမယ် သူ့ကိုကူညီထားတဲ့လူမှန်သမျှလည်း ပျက်စီးစေရမယ်''

''ဟက် ငါ့ကိုအခုနေလက်စားချေရင်တော့ ဖြစ်နိုင်ပါတယ် ဒါပေမယ့် ငါ့ကိုလွှတ်ပေးလိုက်ရင်တော့ နင့်စိတ်ကူးတွေဖြစ်လာနိုင်မယ်မထင်ဘူး''

You Own Me SomeoneWhere stories live. Discover now