Arc 2.4

10.4K 1K 23
                                    

Arc 2.4

ရန်နိုင်ငံနန်းတွင်းရဲ့ လျို့ဝှက်အကျဉ်းထောင်ထဲတွင် အမျိုးသမီးတစ်ယောက် အချုပ်ခံထားရသည် ။ သူမရဲ့အဝတ်အစားတွေကို ကြည့်ခြင်းကနေ သူမဟာ နန်းတွင်းသူတစ်ယောက်ဆိုတာ သိနိုင်သည် ။

သူမဘယ်အဆောင်က နန်းတွင်းသူဆိုတာတော့ သူမနဲ့သူမရှေ့မှာရှိနေတဲ့ လူသားနှစ်ယောက်သာ သိပေလိမ့်မည် ။

" ရှောင်ဖုန်း သူမဆိုတာ သေချာလား.. "

" သေချာပါတယ် အရှင့်သား အဲ့နေ့က ဝမ်ဖေးကကျူးရှားကျစ်ကို လိမ်လည်ထားတယ်လို့ သက်သေထွက်ဆိုတာလည်း သူမပါပဲ... သူမကို တစ်ချို့က ရှင်းပစ်တော့မယ့်အချိန်မှာ ကျွန်တော်ခေါ်လာတာပါ "

" မင်းက ဘယ်လိုသိတာလဲ.. "

" အရှင့်သားကိုပြောထားသလိုပါပဲ ကျွန်တော် ကြင်ယာတော်ရီကို သံသယရှိတာမို့ စောင့်ကြည့်ရင်းနဲ့ သိရတာပါ "

" ဘာလို့လဲ.. ငါသူမကို အလေးပေးဆက်ဆံခဲ့တယ်လေ.. ငါ့သူငယ်ချင်းကိုတောင် စိတ်ဆင်းရဲစေအောင်လုပ်ခဲ့မိတဲ့အထိ သူမကို ဦးစားပေး ဆက်ဆံပေးခဲ့တာလေ .. သူမက သူ့ကိုထိခိုက်အောင် ဘာလို့များကြံစည်ခဲ့ရတာလဲ.. တစ်ကယ်ပဲ အာဏာနဲ့ဂုဏ်အင်တွေက အဲ့လောက်တောင် အရေးပါတာလား.. "

" ကျွန်တော်သိလာတာ တစ်ခုကတော့ ဒီကိစ္စမှာ အမတ်ချုပ်ကြီးလည်း ပါတယ်ဆိုတာပါ.. ကြည့်ရတာ အဖေနဲ့သမီး နှစ်ယောက်ပေါင်းပြီး ကြံစည်ကြတာထင်ပါတယ် . "

" အင်း.. ရှောင်ဖုန်း သူမကိုစောင့်ကြည့်ထားပါ.. အမတ်ချုပ်ကြီးက လွယ်လွယ်နဲ့စွပ်စွဲလို့ ရတဲ့လူမဟုတ်ဘူး.. ငါတို့ သက်သေရတဲ့အထိ စောင့်ရလိမ့်မယ်.. သူတို့က ငါ့အပိုင်ကိုလာထိပါးရဲတယ်ဆိုတော့ သူတို့ကိုလည်း ငါကအလွတ်ပေးစရာလား.. "

" ဟုတ်ကဲ့ပါ အရှင့်သား.. "

ပြီးတာနဲ့ နှစ်ယောက်လုံးဟာ မှောင်ရိပ်ခိုကာ ဘယ်သူမှသတိမထားမိစေဘဲ ပျောက်ကွယ်သွားခဲ့သည် ။ သူတို့ရောက်လာတဲ့ အကျဉ်းထောင်ဟာ အိမ်ရှေ့စံနဲ့ စစ်သူကြီး နှစ်ယောက်ထဲသာသိသည့် နေရာတစ်ခုပင် ။

အိမ်ရှေ့စံကို အပစ်လုပ်မိသူတိုင်းဟာ ဒီအကျဉ်းထောင်ထဲမှာဘဲ ဇာတ်သိမ်းသွားခဲ့ရသည်သာ ။

You Own Me SomeoneWhere stories live. Discover now