Arc 3.8 မုလျန်ဟွား

7.8K 868 28
                                    

Arc 3.8

စစ်ရန်နိုးလာတော့ သူ့ရင်ခွင်ထဲက ကောက်ငယ်လေးက အေးချမ်းစွာ အိပ်စက်နေဆဲ ။
ဒီလူသားလေးဟာ သူ့အတွက်တော့ သူပိုင်သမျှ အရာတွေထဲမှာ တန်ဖိုးအထားရဆုံး အမြတ်နိုးရဆုံးနဲ့ အထိမခံနိုင်ဆုံး အရာတစ်ခုပင် ။

ပြောရရင် သူ့အတွက်ကတော့ သူ့ရဲ့ ပြောင်းပြန်အကြေးခွံလိုမျိုးပင် ။ ဒီလူသားလေးကို လာထိတဲ့ ဘယ်သူမဆို သေခြင်းနဲ့ပင် အဆုံးသတ်ရမည်မှာ မလွဲမသွေပင် ။ အထူးသဖြင့် ဒီခန္ဓာကိုယ်ထဲက လူသားလေးရဲ့ ဝိညာဉ် ကို လာထိတဲ့လူမှန်သမျှဟာ ကမ္ဘာကြီးရဲ့ တည်ရှိမှုထဲကပင် ပျောက်ပျက်သွားရမည်ပေ ။

အေးချမ်းစွာ အိပ်စက်နေတဲ့ လူသားလေးကို ကြည့်ရင်း မြတ်န်ုးခြင်းတွေက တဖွားဖွား တိုးပွားလာရသည် ။ ရင်ခွင်ထဲက လူသားလေး မနိုးစေရန် အသာဖယ်ထုတ်ကာ မနက်စောစော ရေချိုးလိုက်ပြီး အဝတ်အစားလဲလို့ ဟွားအယ်အတွက် မနက်စာပြင်ပေးဖို့ရန် အောက်ထပ်ကို ဆင်းလားခဲ့လိုက်သည် ။

ထမင်းစားခန်းထဲ ရောက်တော့ မုသခင်ကြီးတို့ လင်မယားက မနက်စာပင် စားနေကြပြီ ။ ' ဟက်! တစ်ယောက်ထဲရှိတဲ့ သားဖြစ်သူကိုတောင် မစောင့်ဘဲ စားကြတော့မယ်ပေါ့လေ '

သူ့ကိုလည်းမြင်ရော နှစ်ယောက်လုံးက လှိုက်လှိုက်လဲလဲကို ပြုံးပြကာ သူတို့နဲ့ တစ်ခါထဲ ဝင်စားဖို့ ပြောကြတော့သည် ။

" CEO ရန် နိုးလာပြီလား ကျွန်တော်တို့နဲ့ တစ်ခါထဲ အတူတူ မနက်စာစားပါ့လားဗျ "

" ဟုတ်တယ် CEO ကျွန်မတို့နဲ့ အတူတူစားလိုက်ပါ ဒါနဲ့ သားလေးရော မပါခဲ့ဘူးလား အဲ့ကလေးကလေ အခုထိ အိပ်ရာကမနိုးသေးဘူး ထင်ပါရဲ့ CEO ရှေ့မှာ မျက်နှာပျက်စရာတွေတော့ ဖြစ်ကုန်ပါပြီ.. "

" ရပါတယ် ဟွားအယ်ကို ကျွန်တော်မနှိုးခဲ့သေးတာပါ ညကလည်း ကျွန်တော့်အလုပ်တွေ ကူလုပ်ပေးနေတာနဲ့ အိပ်ရာဝင်တာ နောက်ကျတယ်လေ. အဲ့တာကြောင့် မနှိုးခဲ့သေးတာ .. ဒါနဲ့ ကျွန်တော် မီးဖိုခန်း ခဏသုံးမယ်နော် "

" အာ ဟုတ်ကဲ့ ရပါတယ် သုံးပါ "

စစ်ရန်လည်း မီးဖိုထဲဝင်ကာ နွားနို့တစ်ခွက်ကို ပူပူလေးရအောင် နွှေးပေးပြီး ပေါက်စီသုံးလုံးကို ဂဏန်းသားနဲ့ လုပ်ပေးပြီး ကလေးကြိုက်တတ်တဲ့ အသီးလေးတွေကို အခွံခွာကာ သေသေချာချာစိတ်ပြီး ဟွားအယ်စားလို့ရအောင် အပေါ်ထပ်ကို ယူလာခဲ့လိုက်သည် ။

You Own Me SomeoneWhere stories live. Discover now