Arc 4.1 ႐ုန္လဲ့

9.4K 744 17
                                    

Arc 4.1 ရုန်လဲ့

[ host space ထဲက ကြိုဆိုပါတယ် point တွေ တွက်ပေးရတော့မလား host ]

" အင်း တွက်ပေးတော့ "

[ ဟုတ်ကဲ့ပါ host main mission အောင်မြင်တဲ့အတွက် points 500 ရပြီး side mission အောင်မြင်တဲ့အတွက် points 100 ရရှိပါတယ် အရင် point တွေနဲ့ ပေါင်းလိုက်ရင်
အားလုံးပေါင်း 3100 ပါ ]

" point တွေက ဘာလို့နည်းသွားတာလဲ "

[ အခုကမ္ဘာရဲ့ mission တွေက လွယ်လို့ပါ ဒါ့ကြောင့် point နည်းတာပါ ပြီးတော့ သိုလှောင်လက်စွပ်ထဲမှာ host နဲ့ host လူကြီးရဲ့ လက်ထပ်လက်စွပ်ကို သိမ်းထားပေးပါတယ် host ပထမဆုံး ဆွဲထားတဲ့ ဒီဇိုင်းမို့ သိမ်းပေးထားတာပါ ပြီးတော့ အထက်က ပေးတဲ့ ဝိညာဉ်ရေစင်ကိုလည်း ဆုအဖြစ် ရပါ့မယ် ]

" အဲ့ဒါက ဘာအတွက် အသုံးဝင်တာလဲ "

[ ဝိညာဉ်ရေစင်က စိတ်ဝိညာဉ် အားကောင်းစေပါတယ် စိတ်ဝိညာဉ် ဒဏ်ရာရတာတို့ဆို အသုံးဝင်ပါတယ် ]

" ကောင်းပြီလေ ဒါနဲ့ ဖန်ရှင်း ငါ့စိတ်ထဲမှာ ငါတစ်ခုခုကိုမေ့နေသလို ခံစားရနေတယ် အဲ့တာဘာလဲဆိုတာ မင်းသိလား "

သနားစရာ ဖန်ရှင်းလေးခမျာမှာတော့ ရှောင်းကျန့်ရဲ့ မေးခွန်းကြောင့် ချွေးစေးတွေပျံနေပြီ ။ တော်သေးတာက လူပုံစံနဲ့ မဟုတ်လို့ သိပ်ပြီးတော့ တော့ သတိထားမိမှာမဟုတ်ဘူး ။

[ host ဘာမှမမေ့ပါဘူး အကုန်ပုံမှန်ပါပဲ ဘာလို့ တစ်ခုခုမေ့နေတယ်လို့ထင်ရတာလဲ ]

"အင်း မမေ့ဘူးဆိုလဲမမေ့ဘူးပေါ့ ထားလိုက်ပါ ခေါင်းရှုပ်ခံပြီးမစဉ်းစားတော့ပါဘူး အခု ငါသင်ရမယ့်skillတွေကို ပြတော့ "

[ host သင်ရမှာတွေက သရုပ်ဆောင်ခြင်းနဲ့ hacking ဘယ်ဟာသင်ချင်ပါသလဲ ]

" hackingပဲရွေးမယ် သရုပ်ဆောင်တာက ငါတတ်ပြီးသားပဲကိုသင်စရာလား "

[ ဟုတ်ကဲ့ပါhost ဒါဆို ကံကောင်းပါစေနော် ခဏလေးနဲ့ထွက်လာခဲ့နော် ကျွန်တော်အကြာကြီးမစောင့်ချင်ဘူးရယ် ]

ရှောင်းကျန့်ကတော့ ဘာမှမပြောတော့ဘဲ ကျောခိုင်းရင်းနဲ့သာ တာ့တာတစ်ချက်ပြခဲ့လိုက်ပြီး အတွေးများစွာနဲ့အတူ သင်ရမယ့်နေရာထဲကိုဝင်လာခဲ့လိုက်တော့သည် ။ သူတွေးနေတာက သူတစ်ခုခုကိုမေ့နေပေမယ့် ဘာကိုလဲဆိုတာကို စဉ်းစားမရဘဲ ဖြစ်နေတာကိုပင် ။

You Own Me SomeoneOù les histoires vivent. Découvrez maintenant