Arc 2.10

8.7K 915 15
                                    

Arc 2.10

ရှောင်ရှီးတစ်ယောက် အဆောင်ထဲကမထွက်ရတာ ဒီနေ့နဲ့ဆို ငါးရက်မြောက်နေ့ပဲ ။ လက်ကဒဏ်ရာကြောင့် ဖျားပြီးကတည်းက ထျန်းခုံးက သူ့ကို ညီလာခံသွားရတဲ့အချိန်ကလွဲလို့ အချိန်တိုင်း မျက်စိအောက်က အပျောက်မခံဘဲ ဂရုစိုက်ပေးလေသည် ။

သူကလည်းသူပဲ အဖျားက သုံးရက်လောက်နဲ့ ပျောက်သွားပေမယ့် ခံတွင်းပျက်တာက ပိုပိုဆိုးလာသည် ။ အချဉ်အစပ်တွေကလွဲပြီး ဘာဆိုဘာမှ စားသောက်ချင်စိတ် မရှိဘဲဖြစ်နေတော့သည် ။

ကြိုက်လှပါချီရဲ့ဆိုတဲ့ အစားအသောက်တွေတောင် အရှေ့ကိုရောက်လာရင် အနံ့ပင်မခံနိုင်ဘဲ အော့အန်တော့သည် ။ အစကတစ်ရက်နှစ်ရက်ဆိုပြီး သည်းခံခဲ့ပေမယ့် အခုလို ရက်တွေဆက်တိုက်ဖြစ်လာတော့ လူလည်း အားမရှိဘဲ သတိလစ်သွားတော့မလိုပင် ဖြစ်နေပြီ ။

" ကလေး ဘာစားချင်လဲဟင် ကိုဘာလုပ်ပေးရမလဲ "

" ဟင့်အင်း ထျန်းခုံး ကျွန်တော်ဘာမှမစားချင်ဘူး "

" မစားလို့ မရဘူးလေ ကလေးရယ် တော်ကြာနေ ကလေးအားပျက်ပြီး သတိလစ်သွားမှာပေါ့ ကိုချက်ပေးမယ်လေ ဟင် တစ်ခုခုတော့စားလေ နော်.. "

" အင်း အမဲသားခေါက်ဆွဲချက်ပေး စပ်စပ်လေးနော် "

" အင်း ကိုယ်သွားချက်လိုက်မယ် ကလေးက အိပ်နေလိုက်နော် စားလို့ရရင် ကိုနှိုးပေးမယ် ဟုတ်ပြီလား "

" အင်း.. "

ထျန်းခုံးထွက်သွားတာနဲ့ သူလည်း အိပ်ရာပေါ်လှဲကာ အိပ်ပျော်ဖို့အတွက် ကြိုးစားလိုက်သည် ။ ဒါပေမယ့် ခေါင်းတွေကိုက်လာတာမို့ အိပ်ပျော်ဖို့အတွက်က ခက်ခဲလှသည် ။

သူမြန်မြန်နေကောင်းမှဖြစ်မယ် ။ မနက်ဖြန်ဆို လျန်နိုင်ငံအိမ်ရှေ့စံက ရောက်လာတော့မှာ ။ သူသာ မသက်သာသေးဘူးဆိုရင် ထျန်းခုံးက သွားကြိုမှာမဟုတ်ဘဲ ကျန့်ဖုန်းကိုပဲ လွှတ်လိမ့်မည် ။ တစ်ဖက်က အိမ်ရှေ့စံကိုယ်တိုင် လာတာတောင် သူတို့ဘက်က စစ်သူကြီးကိုပဲ အကြိုလွှတ်တယ်ဆိုရင် တစ်ဖက်က သူတို့ကို မကောင်းမြင်သွားနိုင်သည် ။ ဒါဆို အမတ်ချုပ်ကြီးရဲ့ အကြံအစည်တွေ အကုန်လုံး အောင်မြင်သွားလိမ့်မည် ။

You Own Me SomeoneOnde histórias criam vida. Descubra agora