Arc 1.10

10.1K 1K 10
                                    

Arc (1.10)

" baby သွားကြမယ်လေ နောက်ကျနေလိမ့်မယ်.. "

" လာပါပြီဗျ.. အခုမှ အစောကြီး.ရှိသေးတာကို လူကြီးကလည်း နောက်မကျပါဘူး "

" ကိုက party မစခင် ကလေးနဲ့ ဖေဖေတို့နဲ့ အေးအေးဆေးဆေး စကားပြောစေချင်လို့ပါ "

" ဟုတ်ကဲ့ပါ.. သွားကြမယ်လေ.. "

" အင်း.. သွားကြမယ်.. ကလေး ဟိုရောက်ရင် ကို့အနားက ဘယ်မှမခွာနဲ့နော် "

" ဘာလ်ို့လဲ လူကြီးရဲ့ .. "

" ကို့ကလေးလေးက လှလွန်းလို့ ကလေးအနား ဝိုင်းလာမှာ စိုးလို့ပေါ့... "

" ချောတာ မဟုတ်ဘူးလား ကျွန်တော်က "

" ဟားဟား.. ဟုတ်ပါတယ် ချောတာပါဗျာ.. ဒီနှုတ်ခမ်းလေးကို စူမထားပါနဲ့တော့ ချောတာပါ ဟုတ်ပြီလား "

" ဟွန့်.. နောက်ကျနေပြီ မလား သွားမယ်လာ.. "

သူ့ကို လှတယ်လို့ ပြောလို့ ဘောက်ဆက်ဆက်နဲ့ ပြန်ပြောပြီး မျက်စောင်းလေး ချီကာ ရှေ့ကနေ ကော့တော့ကော့တော့နဲ့ ထွက်သွားတဲ့ ကလေးကို ကြည့်ပြီး ပြုံးရတော့သည်..

' ဒီနေ့ ကလေးအတွက် suprise အကြီးကြီး ရှိတယ်ကလေးလေး.. စောင့်မျှော်နေလိုက်... '

သူတို့ အိမ်ကို ရောက်တော့ party က စတောင် နေပြီ..
သူထင်တဲ့ အတိုင်းပဲ ပွဲက ရှိသမျှ လူတိုင်းရဲ့ မျက်လုံးတွေက သူ့ကလေးလေး စီမှာပဲ ရောက်နေတာ..

မကြိုက်ပါဘူး. သူ့ကလေးလေးကို ဝိုင်းကြည့်နေကြတာကို . ဖြစ်နိုင်ရင် ကလေးလေးကို သော့ခတ်ပြီး သိမ်းထားလိုက်ချင်တော့တယ်..

{ host ဇာတ်လိုက်မ ရောက်နေပါတယ် .. }

{, သူက ဘယ်လိုဖြစ်ပြီး ဒီပွဲထဲ ရောက်နေရတာလဲ.. }

{ သူအခု တွဲနေတဲ့ လုပ်ငန်းရှင် တစ်ယောက်နဲ့ အတူတူ ရောက်လာတာပါ }

{ ဟမ့်.. ဖန်ရှင်း. သူ့ကို စောင့်ကြည့်ထား. ဒီပွဲကို လာတာ ငါ့ကို တစ်ခုခု လုပ်ဖို့ မဟုတ်ဘူး ဆိုတာကို ငါမယုံဘူး }

{ ဟုတ်ကဲ့ပါ host }

ကျူးလဲ့ယီ ငါမင်းကို ကိုယ်တိုင် မဖျက်စီးချင်လို့ လွှတ်ထားတာ . ကို့ဘာသာ မနေပဲ ငါ့ကို လာထိလို့ကတော့ စောင့်ကြည့်နေလိုက် မင်းဘဝကို...

You Own Me SomeoneDonde viven las historias. Descúbrelo ahora