Arc 1.12
ကျူးလဲ့ယီနဲ့ စကားပြောနေတဲ့ ကလေးကို သူစိတ်မချလို့ သူ့အနား စကားလာပြောတဲ့ လူတွေကိုတောင် အာရုံမစိုက်နိုင်ခဲ့ ။ တော်ကြာ ဒီမိန်းမ သူ့ကလေးကို ဘာလုပ်သွားမလဲဆိုတာ မသိနိုင်ဘူးလေ ။
ခဏနေတော့ သူ့လက်ကို လှမ်းကြည့်ပြီး ပြုံးပြလာတဲ့ ကလေးရဲ့ နှုတ်ခမ်းထောင့်မှာ သွေးတွေပေနေသည် ။ သူလည်း စိုးရိမ်စိတ်နဲ့ ရှိတဲ့လူတွေကို တွန်းတိုက်ကာ ကလေးအနား ပြေးသွားလိုက်သည် ။
သူအနားရောက်သွားတဲ့ အချိန်မှာပဲ ကလေးရဲ့ ခန္ဓာကိုယ်လေးက လဲကျလာတော့သည် ။ ခန္ဓာကိုယ် သေးသေးလေးကို စီးပွေ့ရင်း အော်ခေါ်မိပေမယ့် ပြန်ထူးမလာတဲ့ ကလေး။
" ကျူးလဲ့ယီ မင်း ကလေးကို ဘာလုပ်လိုက်တာလဲ "
" ကျွန်မ... ကျွန်မ... ကျွန်မ မလုပ်ဘူး ကျွန်မနဲ့ မဆိုင်ပါဘူီးနီယာ တစ်ကယ်ပါ "
" မင်းပြောတဲ့ စကား ငါယုံရလောက်အောင် ငါမအသေးဘူး .... ဖန်းရီ ဒီမိန်းမကို မြေအောက်ခန်းထဲ ထည့်ထားလိုက်.. "
ရိပေါ်ရဲ့ စကားကိုကြားပြီး ကျူးလဲ့ယီ တစ်ယောက် သွေးပျက်နေတော့သည် ။
' မဟုတ်ဘူးလေ ငါခတ်တဲ့ ဆေးက ဒီလိုမျိုး မဟုတ်ဘူးလေ .... '
သူမ တွေးနေတုံးမှာပဲ ဝမ်အိမ်တော်က အစောင့်တွေ ရောက်လာပြီး ဆွဲခေါ်သွားတော့သည် ။
ရိပေါ်လည်း သတိလစ်နေတဲ့ ကလေးကို ခေါ်ပြီး ဆေးရုံသို့ ပြေးတော့သည် ။ လူကြီးတွေလည်း ပါတီကိစ္စတွေ ရှင်းပြီးတာနဲ့ ဆေးရုံကို လိုက်သွားကြသည် ။
သူတို့ရောက်သွားတော့ အရေးပေါ်ခန်းရဲ့ အရှေ့မှာ မှိုင်နေတဲ့ ရိပေါ်ကြောင့် သူတို့မှာ နှစ်ယောက်စာ စိတ်ပူရတော့သည် ။
" သား....ရိပေါ် ကျန့်လေး အခြေအနေဘယ်လိုလဲသား "
" သားမသိဘူးမား... ကလေးက အခု အရေးပေါ် အခန်းထဲမှာပဲ ရှိသေးတယ် ထွက်မလာသေးဘူး... မား.. ကလေးက.. ကလေးက သားကို ထားသွားရင် ဘယ်လိုလုပ်မလဲဟင်.. ကလေးမရှိရင် သားသေလိမ့်မယ် မား... "
" သားရယ် စိတ်ကိုလျှော့ပါ သားလေးက အန်တီတို့ကို မထားခဲ့ပါဘူးကွယ် သားလေးက အန်တီတို့စီ ပြန်လာမှာပါ... "
DU LIEST GERADE
You Own Me Someone
FanfictionYou Own Me Someone Xiao Zhan က အသက် 17နှစ်သာရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်နေ့ သူ့crush ဆီကအပြန် လမ်းမှာ ကားတိုက်ခံရပြီး system space ထဲ ရောက်သွားတဲ့အခါ .......... You Own Me Someone Xiao Zhan က အသကျ 17နှစ်တာ ရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်န...