Arc 2.7

9.9K 985 30
                                    

Arc 2.7

ရီဟွားရဲ့အဆောင်ကို သွားဖို့အရေး စိတ်မချဖြစ်နေတဲ့ ရှောင်ရှီးကြောင့် ထျန်းခုံးတစ်ယောက်ထဲ မသွားတော့ဘဲ ရှောင်ဖုန်းကိုခေါ်လာခဲ့လိုက်သည် ။ ရှောင်ရှီးက ဒီနေ့မှသူ့ကို ရီဟွားအဆောင်ကို မသွားစေချင်တဲ့ပုံပင် ။ တားဖို့ရာအားနာနေတဲ့အတွက်သာ မပြောဘဲ ရှောင်ဖုန်းကိုခေါ်သွားခိုင်းတာ သူသိနေသည် ။

" ကြင်ယာတော်ရီ အနားယူနေပြီလား ငါရောက်လာတယ်လ်ို့လျှောက်တင်လိုက် "

" ဟုတ်ကဲ့ပါ အိမ်ရှေ့စံမင်းသား.. "

" အိမ်ရှေ့စံမင်းသား ကြွချီလာပါတယ်.. "

ရီဟွား အိမ်ရှေ့စံကိုဘယ်လိုဆွဲထားရမလဲလ်ို့ စဉ်းစားနေတုံး အထိန်းတော်ရဲ့ အိမ်ရှေ့စံမင်းသား ကြွချီလာတယ်ဆိုတဲ့လျှောက်တင်သံကြောင့် နေ့လည်ကမှ ဖခင်အမတ်ချုပ်ကြီး ပေးထားတဲ့ နွေဦးဝတ်မှုန်တွေကို ရေနွေးကြမ်းထဲ ရောထည့်ပြီး အိမ်ရှေ့စံကို ကြိုဆိုဖို့ထိုင်ရာကနေထလိုက်သည် ။

" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်.. "

" ထပါ ကြင်ယာတော်ရီ.. ထိုင်ပါ ကိုယ်တော်မင်းနဲ့ ပြောစရာရှိလို့ရောက်လာတာ "

" ဟုတ်ကဲ့ပါ အိမ်ရှေ့စံ.. ရေနွေးကြမ်းလေးသုံးဆောင်ပါဦး.. "

ရေဆာနေတာနဲ့ သူမငှဲ့ပေးတဲ့ ရေနွေးကြမ်းကို သောက်လိုက်မိသည် ။ ရေနွေးကြမ်းထဲ ဘာထည့်ထားလည်းမသိပေမယ့် သူဂရုမစိုက် ။ သူ့ကိုယ်သာယုံတယ် ။ နွေဦးဝတ်မှုန်ဆိုရင်တောင် သူထိန်းချုပ်နိုင်လိမ့်မယ် ။

" မင်းသား ကျွန်တော်မျိုးမကို ဘာများပြောစရာရှိလို့ပါလဲ. "

" ကြင်ယာတော်ရီ ရှောင်ရှီးကို ဘာလ်ို့အငြိုးထားရတာလဲ.. "

" မင်းသား ဘာကိုပြောချင်တာပါလဲ ကျွန်တော်မ်ျိုးမက ပိုင်ဝမ်ဖေးကို အငြိုးထားတယ်တဲ့လား ... အရှင့်သား တစ်ခုခုကို အထင်လွဲနေတယ်ထင်ပါတယ် ပိုင်ဝမ်ဖေးက ကျွန်တော်မျိုးမတို့နှစ်ယောက်ကို ပေါင်းဖက်ခွင့်ရအောင်လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင်လေ ကျွန်တော်မျိုးမကို ဘယ်လိုများ အငြိုးထားရမှာပါလဲ ကျေးဇူးတင်လို့တောင် မဆုံးနိုင်တာပါ.. "

You Own Me SomeoneWhere stories live. Discover now