Zaw Gyiပင်လယ်ပျော်ကျွန်း တစ်ခုလုံး ညနေခင်း ဆည်းဆာအောက်တွင် တိတ်ဆိတ်ငြိမ်သက်နေခဲ့လေသည်။
မြင့်မားသောအရပ်ရှိသော သူနှင့် ထိုသူထက် အနည်းငယ် နိမ့်သော လူတစ်ယောက်တို့က ကျွန်းအငူလေးထက်တွင် တစ်ယောက်ကို တစ်ယောက် ထွေးဖက်ထားရင်း နေ၀င်ချိန်ကို ကြည့်နေကြသည်။
ယောလ်လည်း ဟျွန်းရှိရာအရပ်ကို လိုက်လာပြီး အတူတကွ နေထိုင်လာသည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ချေပြီ။
နှစ်အနည်းငယ် ကြာမြင့်လာသည့်တိုင် ဟျွန်း၏ ချစ်ရသူ ယောလ်က အရင်လိုပင် ချောမြဲ ချောဆဲ။ အနည်းငယ်ရင့်ကျက်သည့် ပုံစံကတော့ မျက်နှာထက်တွင် နေရာယူလာခဲ့လေသည်။
နေမင်းသည်လည်း အနောက်ကျွန်းသို့ လောကကို နှုတ်ဆက်ရင်း ၀င်သွားချေပြီ။ ညနေခင်းနေရောင်ပျောက်ပြီး အမှောင်ထုက ကြီးစိုးလာချိန်တွင်တော့ နှစ်ယောက်သား တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ရင်း အိမ်ပြန်လမ်းကို လျှောက်လာခဲ့ကြသည်။
အကြီးအကဲဘတ်က ခေါင်းဆောင်အဖြစ်က အနားယူခဲ့ပြီး သားဖြစ်သူ ဘတ်ဟျွန်းကိုတော့ မျိုးနွယ်စု ခေါင်းဆောင် တာဝန်ကို လက်ဆင့်ကမ်းခဲ့လေသည်။
ဘတ်ဟျွန်းကိုယ်တိုင် ခေါင်းဆောင်တာဝန် ထမ်းဆောင်နေချိန်တွင် လီယောလ်ကလည်း တတ်နိုင်သမျှ ကူညီခဲ့သည်။ သူကိုယ်တိုင် ပင်လယ်ပျော်ကျွန်းသားအဖြစ် ခံယူပြီးနောက် ကျွန်းပေါ်ရှိ ကလေးများကို ဓားရေးသင်ကြားပေးနေခဲ့သည်။
နှစ်ယောက်သားအတူရှိချိန်များကို ပုလဲငုပ်ခြင်း ၊ ဆေးမြစ်များ ရှာခြင်း ၊ ကျွန်း၏ လုံခြုံရေးကို စောင့်ကြည့်စစ်ဆေးရင်း ကုန်ဆုံးတတ်သော်လည်း တစ်ခါတစ်ရံတွင်တော့ ထိုင်နေကျ အငူလေးတွင် နေ၀င်ချိန် ကြည့်နေတတ်ကြသည်။
ယနေ့ နေ၀င်ချိန် ကြည့်ပြီး အတူပြန်လာချိန်တွင် လမ်းတွင်တွေ့သော ကလေးများက နှုတ်ဆက်ကြသည်။
" ခေါင်းဆောင် မင်္ဂလာပါ"
" သင်ကြားရေးခေါင်းဆောင် မင်္ဂလာပါ "
YOU ARE READING
perfect soulmate {Completed}
Historical Fictionအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo