ကျောခိုင်းထားသော ယောလ်ကို ချောက်ကမ်းပါးအစွန်းတွင် ရပ်နေသည်ကို မြင်လိုက်ရသည့်အခါ အမှန်တကယ်ပင် လန့်သွားရသည်။ထို့ကြောင့် တစ်ညလုံး ရှာထားရ၍ မောပန်းနေသော်ကြောင့် ခြေလှမ်းများက ဆက်ပင်မလှမ်းနိုင်တော့။ သို့သော်လည်း အားတင်းကာ လှမ်းလာလိုက်သည်။
သန်းခေါင်ယံနှင့် မိုးသောက်ယံကြား တိုက်ခတ်သော ညလေပြေသည် ယောလ်၏ ၀တ်ရုံတို့ကို တဖျတ်ဖျတ်လွင့်နေစေသည်။
လရောင်အောက်တွင် ယောလ်ရပ်နေသည့်ပုံက ချောက်ကမ်းပါးဘက် မျက်နှာမူထားသည်မို့ စိုးထိတ်စရာပင်။ ထို့ကြောင့် ဘိုဂန်ပြောထားသော အချိန်ကာလကို စိတ်ထဲမှ တွေးကာ ရေတွက်မိသည်။
ရေတွက်ပြီးသည့်နောက်တွင် ချောက်ကမ်းပါးကို မျက်နှာမူကာ ရပ်နေသော ယောလ်၏ အကြံကို သတိပြုမိသွားသည်မို့ အားကုန်သုံးရင်း အော်ခေါ်လိုက်သည်။
" ယောလ်"
ချစ်ရသူ မရှိနိုင်သော လောကကြီးအား နှုတ်ဆက်မည်ဟု တွေးကာ ချောက်ကမ်းပါးတွင် မတ်တပ်ရပ်နေခိုက် အော်ခေါ်သံ ကြားလိုက်ရသည်မို့ လှည့်ကြည့်လိုက်မိသည်။ ကြည့်မိလိုက်သောအခါမှ ခပ်ဝေးဝေးမှ ချစ်ရသူကို လှမ်းမြင်လိုက်ရသည်။
" ဟျွန်း"
ထို့နောက် ချစ်ရသူက အလျှင်အမြန်ပင် ပြေးလာကာ ယောလ်အား ဖက်တွယ်ထားသည်။ ယောလ်ရပ်နေသည့်သည်က ချောက်ကမ်းပါး၏ အစွန်း ဖြစ်နေသည်မို့ မတော်တဆ ပြုတ်ကျမည်ကို စိုးရိမ်မိသည်။
ယောလ်အနေဖြင့် အဆုံးသတ်ရန် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ချစ်ရသူအား မနာကျင်စေလိုသော သဘောဖြင့်သာ။
ထို့ကြောင့် သူလေးအား ပွေ့ဖက်ကာ ချောက်ကမ်းပါးနှင့် ခပ်ဝေးဝေးနေရာသို့ ခေါ်ဆောင်လာခဲ့သည်။ ချစ်ရသူက ဘာမှမပြောဘဲ ရင်ခွင်ထဲတိုးကာ တအီအီ ငိုရှိုက်နေတော့သည်။
ယောလ်လည်း အဘယ့်ကြောင့် ငိုနေမှန်းမသိသေးသော်လည်း ကျောပြင်လေးကိုသာ ခပ်ဖွဖွ ပုတ်ပေးနေလိုက်သည်။
ချောက်ကမ်းပါးတွင် ရပ်နေသော ယောလ်ထံပြေးလာရင်း ဟျွန်းမှာ မျက်ရည်တို့ တာကျိုးရတော့သည်။
ရင်ခွင်ထဲ ခဏတာ ခိုဝင်ချိန်မှစကာ အရာအားလုံးအား ပြန်လည်မှတ်မိနေခဲ့ပြီ ဖြစ်သည်။ ကံတရားက အတော်ပင် မျက်နှာသာပေးခဲ့သည်ပဲ။
YOU ARE READING
perfect soulmate {Completed}
Historical Fictionအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo