ZAWGYI
ညနေအတော်စောင်းလာသည်မို့ အလင်းရောင်က အားပျော့ကာ အမှောင်ထုက ကြီးစိုးလာခဲ့သည်။ အမှောင်ထုကို စောင့်ဆိုင်းနေသူ လူတစ်စုကလည်း ညအမှောင်ထဲမှပင် တဲအိမ်ငယ်လေးကို စူးစိုက်ကာ ကြည့်နေကြသည်။
တဲအိမ်ငယ်လေးကတော့ တိတ်ဆိတ်နေလေသည်။ ညနက်ချိန်ရောက်မှ တဲအိမ်ငယ်လေးအနားသို့ တိတ်တဆိတ်ချီတက်လာကြသည်။
အိမ်တံခါးတို့ကို ဖွင့်လိုက်သည့် အခိုက်တွင် ပြောင်ရှင်းနေသော အခန်းကိုသာ တွေ့လိုက်ရသည်မို့ ခေါင်းဆောင်က အသံကျယ်ကျယ်နှင့် အော်လိုက်သည်။
" သူတို့ ပြေးပြီးအားလုံးပဲ လူစုခွဲပြီး လိုက်ရှာကြ"
ထို့နောက် အနက်ရောင်ဝတ်ထားသည့် သူများအားလုံး လူခွဲကာ တောနက်ထဲ ၀င်ရောက်သွားတော့သည်။
တောနက်တစ်နေရာတွင်တော့ အမျိုးသမီးနှစ်ယောက်နှင့် ကလေးငယ် တစ်ယောက်က အသက်လုကာ ပြေးနေကြလေသည်။
ပြေးရလွန်း၍ မောဟိုက်နေကာ ဆက်မပြေးနိုင်တော့သော်လည်း မိသွားပါက သေမည် ရှင်မည်ကို မသိနိုင်ချေ။ မည်သည့်လူများက လက်ဖမ်းသည်ကိုလည်း မသိနိုင်။
ထို့ကြောင့် ထွက်ပြေးကြခြင်းသာ ဖြစ်သည်။ နောက်မှ ခွေးဟောင်သံများကလည်း ကြားနေရသည်မို့ မရပ်တန့်ရဲချေ။ ထို့ကြောင့် ဆက်လက်ပြေးနေရခြင်း ဖြစ်သည်။
သိပ်မကြာလိုက်ပါ ။ နောက်က လိုက်လာသော သူများက ထွက်ပြေးသော သူတို့ကို မှီသည်မို့ နောက်ဆုံး အဖမ်းခံလိုက်ရသည်ပင်။
ထို့နောက် အ၀တ်မည်းများ မျက်နှာကိုပါ အုပ်ကာ ခေါ်ဆောင်သွားခြင်း ခံရတော့သည်။ မည်သည့်နေရာက မည်သူက ခေါ်ဆောင်သွားမှန်းလည်း မသိချေ။
ဖြစ်သမျှအကြောင်း အကောင်းအောက်မေ့ကာ လိုက်သွားရတော့သည်။ ကံကောင်းခြင်းလား ကံဆိုးခြင်းလားကိုတော့ သိပ်မကြာခင် သိရမည် ဖြစ်ပါသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဘတ်ဂျယ်၏ နန်းတွင်းတစ်နေရာတွင် ဖြစ်သည်။ ညနေခင်း မို့ နေရောင်က အတော်လေးဖျော့တော့နေလေသည်။
![](https://img.wattpad.com/cover/227350145-288-k867418.jpg)
YOU ARE READING
perfect soulmate {Completed}
Historical Fictionအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo