[6]

2.3K 341 1
                                    

ပင်လယ်ပျော်မျိုးနွယ်စုတို့၏ အကြီးအကဲဖြစ်သော ဘတ်ချော၏ သားဖြစ်သူ ဟျွန်းလေးသည်လည်း တစ်လသားပင် ရှိခဲ့ချေပြီ။ အကြီးအကဲမို မှာလည်း သူ၏ သားငယ်လေးအား ချစ်မ၀ပင်ရှိတော့သည်။ ဟျွန်းလေးမှာ ပင်လယ်ပျော်မျိုးနွယ်စုဟု ကျိန်ပြောမှ ယုံရလောက်သည်အထိ ဖြူဖွေးသော အသားအရည် ရှိပေသည်။မျက်ဝန်းမှေးမှေး ၊နှုတ်ခမ်းပါးပါးနှင့် ပါးမို့မို့ မှာ မြင်သူတကာ ချစ်ခင်ရစေသည်။ ပင်လယ်ပျော်မျိုးနွယ်စုတို့၏ အသားအရည်မှာ မျိုးရိုးအစဉ်အဆက် ညိုစိမ့်စိမ့် အသားအရည်သာ ဖြစ်သည်။အနည်းငယ်မျှပင် ဖြူဝင်းခြင်းမရှိ။ ဟျွန်းလေး၏ အသားအရည်သည် ဖြူဆွတ်နေပြီး ၊ ဆံပင်များမှာလည်း ပင်လယ်ပျော်မျိုးနွယ်တို့နှင့် ကွဲပြားလှစွာ နက်မှောင်နေပေသည်။  မျိုးနွယ်စု၏ ဆံပင်သည်လည်း ရေထဲတွင် အချိန်ကြာမြင့်စွာ ကူးခပ်နေသူများ ဖြစ်သည်မို့ နီကြောင်ကြောင် အရောင် ရှိသည်။

ပင်လယ်ပျော်တို့၏ ထူးခြားချက်မှာ ရေထဲတွင် ငါးတစ်ကောင်ပမာ အချိန်ကြာမြင့်စွာ နေထိုင်နိုင်ခြင်းပင် ဖြစ်သည်။အကြီးအကဲဘတ်၏ သားလေးသည်လည်း အချိန်ကြာလာလျှင် ထိုအချင်းအရာများ ပျောက်ကွယ်သွားမည်ဟု ယုံကြည်ကြခြင်းဖြစ်သည်။

.........................................................................................

အင်ချွန်းတောင်တွင် ဖြစ်သည်။ မိဖုရားကြီးသည်လည်း သီလရှင် ၀တ်ခွင့်ပြုရန် မင်းကြီးထံမှ ခွင့်ပြုမိန့်တောင်းခံပါသော်လည်း မင်းကြီးမှ ခွင့် မပြုပေးသောကြောင့် အခက်တွေ့ခဲ့ရသည်။ မစားမသောက်နှင့် နေမကောင်းဖြစ်သည်အထိ ဖြစ်လာသော အခါတွင်မှ ခွင့်ပြုပေးသောကြောင့် အင်ချွန်းတောင်သို့ ထွက်လာရန် ရက်အနည်းငယ် နောက်ကျမှ လာနိုင်ခဲ့သည်။လမ်းခရီးတစ်လျှောက်တွင်လည်း ယောလေးအား စိုးရိမ်ပူပန်နေခဲ့ရသည်။ နတ်ဆရာမ အင်ဟာသည် ထက်မြက်ပါးနပ်သော်လည်း သူမသည် မိန်းမသားဖြစ်သည်။ အရေးကြုံလာလျှင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။နန်းတော်မှ ထွက်လာပြီးရက်အနည်းငယ်ကြာသော အခါတွင်မှ အင်ချွန်းတောင်ဘုံကျောင်းသို့ ရောက်ရှိလာခဲ့သည်။

perfect soulmate   {Completed}Where stories live. Discover now