ဟျွန်းလေး သတိရလာသည်နှင့် ပြောလာသည်က သူ အတော်ပင် နားငြီးနေကြောင်းပင်။ မိမိကလည်း မိမိပါပင်။ ဟျွန်း၏ အနား တစ်ချိန်လုံးနားပူနားဆာ လုပ်နေမိသည်လေ။
ဟျွန်း သတိရလာချိန်က မိမိကလွဲကာ အခြားသူတစ်ယောက်မျှပင် မရှိသော အချိန်ပင် ဖြစ်သည်။ ဟျွန်း ထိခိုက်ပြီးသည့်နောက်တွင် မိမိက နေ့မပြတ် ၊ ညမပြတ် စောင့်နေပေးခဲ့သည်။
ဟျွန်း၏ မျက်ဝန်းတို့ စတင်ဖွင့်လာချိန်တွင် မိမိ အား မြင်စေလိုခြင်းဖြစ်သည်။ ဟျွန်း၏ မျက်ဝန်းအိမ်တွင် စတင်ဖြစ်တည်မည့် ပုံရိပ်သည် မိမိသာလျှင် ဖြစ်ရမည်။ ဟျွန်းက အရာရာတိုင်းတွင် မိမိကိုသာ တွေးစေလိုတော့သည် အထိ ဟျွန်းကို ရူးသွပ်ရသည်။
မိမိ၏ မျက်နှာအား လက်လှမ်းလာသည်မို့ မျက်နှာကိုငုံ့ပေးလိုက်သည်။ ထို့နောက် ဟျွန်းက မိမိ၏ မျက်နှာလေးအား ခပ်ဖွဖွလေး ပွတ်ပေးနေခဲ့သည်။
အနည်းငယ်တွန့်ချိုးနေသော မျက်ခုံးတို့ကို ပြေလျော့စေရန် သူ့လက်ကလေးဖြင့် အသာအယာ ဖိနေပေးသည်။
မိမိ၏ မျက်ဝန်းတို့အား မြတ်နိုးမ၀သော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။
ထို့မျက်ဝန်းတို့၏ ဆွဲဆောင်မှုကို မိမိ မလွန်ဆန်နိုင်ခဲ့ပေ။ အရင်ကတည်းကပင် ထိုမျက်ဝန်းတို့အပေါ် ကျရှုံးပြီးသားပင် ဖြစ်သည်။
ထို့ကြောင့် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချကာ စကားပြောရန် ပြင်လိုက်သည်။
" ဟျွန်း ယော ပြောစရာရှိတယ်"
"အင်း ပြောလေ"
" ယောလေ..... ဟျွန်းကို ချစ်မိနေပြီ"
အံ့သြသွားသည့် မျက်နှာလေးက အထင်သားပင်။ ထို့နောက် မယုံနိုင်သလိုလေး ကြည့်လာသည်။ ထိုအကြည့်တို့အတွက် ဖြေရှင်းပေးရမည် ဖြစ်သည်။
" မယုံတာ သိတယ် အခုအချိန်မှာ မပြောသင့်မှန်းလည်း သိတယ် ဒါပေမဲ့လေ ဟျွန်း ထိခိုက်သွားချိန်မှာ ယော နောင်တရတယ် မဖွင့်ပြောလိုက်ရလေခြင်း မချစ်ပေးလိုက်ရလေခြင်း ဆိုပြီးတော့လေ ဒါကြောင့် အခု ပြောရတာ ဟျွန်းကို အရမ်းချစ်သလို အရမ်းလည်း မြတ်နိုးတယ် ဟျွန်းကရော.... ယောကို ချစ်လားဟင်"
YOU ARE READING
perfect soulmate {Completed}
Historical Fictionအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo