ဂိုလျောနိုင်ငံ၏ ညီလာခံတွင် ဖြစ်သည်။ မင်းကြီး၏ ဒေါသထွက်နေသည့် ဟန်ပန်ကြောင့် အမတ်ကြီးများလည်း ဘာမှမပြောရဲဘဲ တိတ်ဆိတ်နေကြသည်။
စိတ်တိုရသည့် အကြောင်းအရင်းမှာ ပုံတူကူးကာ ဆုငွေ ထုတ်ထားသော်လည်း ယခုအထိ အကြောင်းမကြားသေးသောကြောင့် ဖြစ်သည်။ ဆုငွေကလည်း မက်လောက်စရာ အနေအထားပင်။
သို့သော်လည်း ယခုအချိန်ထိ အကြောင်းထူးမလာသေးသောကြောင့် စိတ်တိုရသည်။ မတွေ့ရသည့်သဘောက ထိုသူက ရှိမနေသော သဘောကို ဆိုလိုနေသည်။
မိမိ အိပ်မက်ထဲတွင်လည်း ထိုသူ၏ ပုံရိပ်က ထင်ရှားပြတ်သားနေပါလျက် အဘယ်ကြောင့် မတွေ့ရသေးသနည်း။ မိမိက စိတ်ရှည်တတ်သူ မဟုတ်ခဲ့ပေ။
ထို့ကြောင့် ရှီလာမှ အရိပ်တပ်ဖွဲ့အား ဆင့်ခေါ်စေလိုက်သည်။ အရိပ်တပ်ဖွဲ့ဆိုလျှင် မိမိလိုချင်သည်ကို ရှာနိုင်မည်မှာ သေချာလှသည်။
ဆင့်ခေါ်ပြီး ရက်အနည်းငယ်တွင် အရိပ်တပ်ဖွဲ့လည်း ရောက်လာချေပြီ။ ခေါင်းဆောင်ဖြစ်သူကား မပါလာဘဲ ဒုတိယ ခေါင်းဆောင်သာ ပါလာသည်။
ဒုတိယ ခေါင်းဆောင် ဖြစ်သော်လည်း ပထမခေါင်းဆောင်ကဲ့သို့ပင် စိတ်ချသေချာရသောကြောင့်သာ စေလွှတ်လိုက်ခြင်း ဖြစ်ပေမည်။
ထို့ကြောင့် မိမိလည်း မိမိအလိုရှိသည့် တစ်စုံတစ်ယောက်အား ဒုတိယခေါင်းဆောင်ထံ ပြောကြားလိုက်သည်။
ဒုတိယ ခေါင်းဆောင်သည်လည်း ကတိပေးကာ တိတ်တဆိတ်ထွက်ခွာသွားလေသည်။
" ငါ့အတွက် သေမင်းတမန်ဆိုတာက မင်းဖြစ်သလို မင်းအတွက် သေမင်းတမန်က ငါပဲ"
*******************************
မိန်းကလေး ၀တ်စုံကို မှ ၀တ်စေချင်သော ယောလ်ကြောင့် နာကျင်မှုတို့က ဆို့နင့်လာရသည်။ မိမိ၏ ဖြစ်တည်မှုကို အပြစ်ရှာနေချင်ပြီလားပင် မသိပါ။
ချစ်ရသူက ၀တ်စေချင်သည် ဆိုတော့လည်း နာကျင်ရသည့်တိုင် မိမိ ၀တ်ရမည်သာ ဖြစ်သည်။ ယောလ်သည် မိန်းကလေးဟယ်ယွန်းနှင့် ပြန်တွေ့ကတည်းက အနည်းငယ် ပြောင်းလဲနေသလိုပင်။
YOU ARE READING
perfect soulmate {Completed}
Historical Fictionအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo