[17]

1.8K 268 12
                                    

ရှီလာ၏ သံတမန်အဖြစ် အိမ်ရှေ့စံ မင်းသားလာရောက်ပြီးနောက်တွင် ဘတ်ဂျယ်က တစ်ပတ်ကြာလျှင် အကြောင်းပြန်မည်ဟု ဆိုသော်လည်း ပူးပေါင်းတော့မည်မှာ အသေအချာပင် ဖြစ်သည်။ အိမ်ရှေ့စံမင်းသားသည် ထိရောက်စေမည့် အချက်ဖြစ်သော ကြယ်တံခွန်ဟောကိန်းအကြောင်းကိုပါ ထည့်ပြောသွားသည်ကို ဘတ်ဂျယ်အနေဖြင့် တိတ်တဆိတ်လက်ခံထားလိုက်သည်ပဲ ဖြစ်သည်။

နိုင်ငံ၏ အုပ်ချုပ်သူ အနေဖြင့် နိုင်ငံအားကာကွယ်နိုင်သင့်သလောက် ကာကွယ်နိုင်ရန် နည်းလမ်းရှာရမည်ပင် ဖြစ်သည်။ ဘတ်ဂျယ်အနေဖြင့် စစ်ပွဲကို မလိုလားသော်လည်း ဂိုလျောကို ခြေမှုန်းမှ နိုင်ငံကို ကာကွယ်နိုင်မည်ဆိုလျှင် ကျိန်းသေပေါက် ချေမှုန်းမည်ပင် ဖြစ်သည်။ ရှီလာမှ သံတမန်များပြန်သွားသည်နှင့် တစ်ပြိုင်နက် စစ်ရေးပြင်ဆင်မှု ပြုလုပ်ရန် စစ်မှုရေးရာ အရာရှိများ အားလုံးကို ဆင့်ခေါ်လိုက်သည်။

ဘတ်ဂျယ်၏ ကောင်းကင်တွင်တော့ နေရောင်က နက်ရှိုင်းစွာ တောက်ပလျက်........

**********************

ယောလေး သတိမရသည်မှာ သုံးရက်ပင် ရှိချေပြီ။ အ၀တ်များ ရေဆွတ်ကာ မျက်နှာသစ်ပေးခြင်း ၊ ပါးစပ်အနားတေ့ကာ ဆေးရည်များ အဆက်မပြတ်တိုက်နေသော်လည်း သတိပြန်မလည်လာခဲ့ ။ မေ့နေသည့် ရက်ကြာလေ ရင်ပူလာလေ ဖြစ်သည်။ သတိရလျှင် ရရချင်း မျက်ဝန်းဝိုင်းဝိုင်းတို့အား မြင်ချင်လှသူမို့ အပေါ့အပါးသွားချိန်မှ လွဲကာယောလေးအနားမှ မခွာခဲ့။

ယနေ့နံနက်တွင်လည်း ရေစိုအ၀တ်ကလေးဖြင့် မျက်နှာသစ်ပေးရင်း ဆေးတိုက်နေလိုက်သည်။ ယောလေး၏ လက်များအား ဆုပ်ကိုင်လိုက်ကာ မိမိပါးတွင် အပ်လိုက်ရင်း.......

" ယောလေး ဟျွန်းကို သတိမရဘူးလား အိပ်နေတာ အကြာကြီးပဲယောလေး ဟျွန်းခေါ်နေတာရော ကြားလား ယောလေး နိုးလာရင် နေ၀င်ချိန်သွားကြည့်မယ် မြားလည်း ပစ်ကြမယ် ဓားရေးလည်း ကျင့်ကြမယ် ယောလေးကို ဘယ်သူက ဒီလိုလုပ်လိုက်လဲ မသိပေမဲ့ ယောလေးအတွက် ပင်လယ်ပျော်မျိုးနွယ်စုက မလုံခြုံရင် ဟျွန်းက ယောလေးနဲ့ အတူထွက်သွားဖို့ အသင့်ပဲ ဒါ့ကြောင့် မြန်မြန်နိုးလာတော့နော်"

perfect soulmate   {Completed}Where stories live. Discover now