[10]

2K 364 1
                                    

မိမိစိတ်ထဲလေးလံလာသည်မို့ ဆရာမိုဂျွန်းကို ခွင့်တောင်းကာ ဘုံကျောင်းဘက်ကို ပြန်လှည့်လာသည့် အခိုက် ဘံကျောင်းထဲတွင် ဆူညံသံများ ကြားရသည်မို့ အမှောင်ရိပ်ခိုကာ စောင့်ကြည့်နေလိုက်သည်။ ဆရာမိုဂျွန်းက မိမိအားမသွားရန် တားသော်လည်း စိတ်ထဲ လေးလံလာသည်မို့ ပြန်လှည့်လာခြင်း ဖြစ်သည်။ပြန်လှည့်လာသည့်အတွက် လည်းအမှန်တရား ကို သိလိုက်ရသည်။မိခင်မဟုတ်သော်ငြား မိခင်အရင်းတမျှ ချစ်ရသော မာမားအင်ဟာကို ဓားခုတ်လိုက်မိသည့် မြင်ကွင်းက အတော်ပင် သွေးပျက်စရာကောင်းလှသည်။ထိုမြင်ကွင်းအား မြင်လိုက်ရသည့် အချိန် မျက်လုံးများပြာဝေသည့်အထိ ဒေါသထွက်လာသည်မို့ ထိုလူအား တိုက်ခိုက်ရန် အထွက် ဆရာမိုဂျွန်းက ဆွဲထားလေသည်။ထို့နောက် စကားတစ်ခွန်းတိုးတိုးလေး ကပ်ပြောလာသည်။

" မင်းရဲ့ မာမားအင်ဟာက ဘယ်သူ့အတွက် သေသွားရတယ် ထင်လဲ"

" ဘယ်သူ့အတွက်လဲ ဆရာ "

" မင်းအတွက်ပဲ "

အစချီက ကြယ်တံခွန်ဟောကိန်းမှသည် အစချီလျက် ယခုလေးတင် ဖြစ်ပျက်လာသည့် အဖြစ်အပျက်များထိတိုင် ပြောပြလိုက်သည်။ ဆယ်နှစ်အရွယ်သည် အရာအားလုံးလက်ခံနိုင်ရန် ခက်ခဲမည် ဖြစ်သော်လည်း မတတ်နိုင်။ ဆယ်နှစ်သားအရွယ်လေးနှင့် လီယောလ် သည် လောကဓံ၏ အထုအထောင်းကို ပြင်းစွာခံလိုက်ရသည်မို့ ငိုရှိုက်နေရင်း အသံပင် မထွက်တော့။ နာရီအနည်းငယ် ကြာသောအခါ လီယောလ် သည် မငိုတော့။ တည်တည်ငြိမ်ငြိမ်ပင် ဖြစ်လာသည်။

" ဆရာ အခု ကျွန်တော်တို့ ဘယ်ကိုသွားမှာလဲ "

" ဆောဂျီလွှတ်လိုက်တဲ့ ရှီလာက ကုန်သည်ဆီသွားရမှာ "

" မသွားခင် မယ်မယ့်ကို သွားကန်တော့လို့ရမလား ဆရာ "

" ရပါတယ် လုပ်ကြံရေးသမားတွေလည်း ပြန်သွားပြီပဲ "

လီယောလ်၏ သဘောအတိုင်း သေဆုံးနေသော မယ်မယ်နှင့် အင်ဟာ ၏ အလောင်းကို တစ်စုတစ်စည်းထဲ ထားလိုက်သည်။ မျက်နှာပေါ်မှ သွေးများနှင့် လည်ပင်းမှ သွေးများကို သုတ်သင်ကာ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်လိုက်သည်။ ထို့နောက် နှစ်ယောက်လုံးအား အရိုအသေပြုကာ ထွက်ခွာလာတော့သည်။ထို့နောက် လီယော် အရာအားလုံးကို ကျောခိုင်းလျက်ထွက်လာခဲ့သည်။ ပါပါး ဆောဂျီနှင့် တွေ့ချင်ပါသော်လည်း မိမိနှင့် ပတ်သတ်နေသမျှ ကံဆိုးရမည်မှာ အသေအချာပင်ဖြစ်သည်မို့ မနှုတ်ဆက်တော့ ။နေ့လည်ကပင် ကလေးတစ်ယောက်လို ပျော်ရျွှင်နေသည့် ဆယ်နှစ်အရွယ် ကလေးတစ်ယောက်သည် ညချမ်းအချိန်အခါတွင်တော့ သွေးအေးအေးနှင့် ရက်စက်သည့် နှလုံးသားကို ပိုင်ဆိုင်သွားချေသည်။ဆရာမိုဂျွန်း ခေါ်ဆောင်ရာနောက်သို့ လိုက်ရင်း အမှောင်ထုထဲ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။

perfect soulmate   {Completed}Where stories live. Discover now