[38]

1.2K 233 12
                                    

နံနက်ခင်း နေရောင်ခြည်က ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်သည်။ ဟျွန်းတစ်ယောက် တစ်ခုခုနှင့် ရစ်ပတ်နေသလို ခံစားမိသောကြောင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

ဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က ဟျွန်းအား ထွေးဖက်ထားသော တစ်စုံတစ်ယောက်၏ ရင်ခွင်ကျယ်ပင် ဖြစ်သည်။

ထိုမှတစ်ဆင့် မော့ကြည့်မိသောအခါ နှာတံစင်းစင်း နှုတ်ခမ်းဖူးဖူးများပိုင်ရှင်ကိုတွေ့လိုက်ရသည်။

မနေ့က အချိန်အထိ ထူးထူးဆန်းဆန်းစကားများပြောနေခဲ့သူသည် အိပ်မောကျနေခဲ့သည်။

ထိုသူ၏ နာကျင်မှုကိုလည်း ဟျွန်း ခံစားမိနေသော်လည်း လုံးဝမမှတ်မိနေခဲ့ပါ။ ခေါင်းကိုက်လာသည်အထိ စဉ်းစားသော်လည်း မထွက်လာခဲ့ပေ။

ဟျွန်းသည် ယခင်က ယခုကဲ့သို့ အဖြစ်အပျက်မျိုးကို ကြုံဖူးနေသည်ဟု ခံစားနေရခြင်းပင် ဖြစ်သည်။သို့သော်လည်း စဉ်းစားနေရင်း ဘာမှစဉ်းစားမရ။

အတွေးလွန်နေသည့်အခိုက် တစ်စုံတစ်ယောက်၏ တင်းကျပ်စွာထွေးဖက်မှုကြောင့် အသိဝင်လာရသည်။

ယောလ်၏ ရင်ခွင်ထဲတွင် အတွေးလွန်နေသော ကောင်ငယ်လေးအား တင်းတင်းကျပ်ကျပ်ပင် ထွေးဖက်ထားလိုက်သည်။ ထိုအထိအတွေ့ကြောင့် အတွေးတို့က လက်စပြတ်သွားဟန် တူသော ကောင်လေးက ယောလ်အား မော့ကြည့်လာသည်။

ဖြူစင်လွန်းသော မျက်ဝန်းတို့၏ ဆွဲဆောင်မှုတို့ကြောင့် မျက်ဝန်းတို့ထံ အနမ်းတို့ ခြွေမိသွားရသည်။ ရုတ်တရက်ပင် ရဲတက်လာသော ပါးမို့မို့တို့ကိုလည်း အလွတ်မပေးနိုင်ခဲ့ချေ။

အချိန်အတော်ကြာ နေရာအနှံနမ်းပြီးမှ ယောလ်လည်း ကျေနပ်သွားရသည်။ တစ်ဖက်လူ၏ မျက်နှာတွင်တော့ ရဲရဲတွတ်နေပြီ ဖြစ်သည်။ထို့နောက် အနည်းငယ် ဖယ်ခွာလိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။

" ဒီနေ့က စပြီနော်"

ယောလ်၏ အပြောကို သူကလည်း သဘောပေါက်ဟန်နှင့် ခေါင်းညိတ်ပြသည်။ ထို့နောက်ယောလ်လည်း ထလိုက်ကာ သူ့အပေါ် စောင်ပါးလေး လွှမ်းခြုံပေးလိုက်သည်။

perfect soulmate   {Completed}Where stories live. Discover now