ဂိုဂူလျော၏ အထင်ကရ နတ်နန်းဆောင်တွင် ဆိုင်းသံ ဗုံသံများဖြင့် ဆူညံလျက်ရှိသည်။ နတ်နန်းသခင်မ၏ ကြိုးစား ပမ်းစား ပူဇော်မှုများအပြင် မိဖုရာခေါင်ကြီးကိုယ်တိုင်ပင် ဆုတောင်းခြင်းဝတ်စုံ ၀တ်ဆင်ကာ ဆုတောင်းပွဲ ကျင်းပလျက်ရှိသည်။ကိုယ်ဝန်အရင့်အမာဖြစ်သောကြောင့် ထိုင်ရထရ မလွယ်ကူသော်လည်း မိဖုရာခေါင်ကြီးသည် အတတ်နိုင်ဆုံး ကြိုးစားနေပေသည်။
ဆုတောင်းပွဲကို ပင်ပင်ပန်းပန်း ကျင်းပလာရာ ယနေ့တွင် ခုနှစ်ရက် မြောက်ခဲ့ပြီ ဖြစ်သည်။ ယနေ့ညတွင် ကြယ်တံခွန် သုံးခု ပေါ်ထွက်မည် မထွက်မည်မှာလည်း မသေချာသေး။ မိဖုရားသည်လည်း နေ့စေ့လစေ့ ဖြစ်ရုံမက မွေးဖွားရမည့် ရက်ပင် လွန်နေချေသည်။ ကြယ်တံခွန်နှင့် အပြိုင် မွေးဖွားမည် မမွေးဖွားမည်ကို မစိုးရိမ်ရဘဲ မွေးဖွားရမည့် ရက်လွန်သောကြောင့် အားလုံးကလည်းစိုးရိမ်မကင်း ဖြစ်နေကျသည်။
နတ်နန်းဆောင်မှ ကြည့်လျှင် ဟင်းလင်းပြင်ရှိနေသော ကောင်းကင်ပြင်အား နတ်ဆရာမ ငေးကြည့်နေမိပါသည်။ တဖြည်းဖြည်းမှောင်လာသည့်တိုင် ကြယ်တံခွန်များ ထွန်းတောက်လာမည့် အရိပ်အယောင် မရှိသေး။ အချိန်ကြာမြင့်လာအောင် စောင့်ဆိုင်းပါသော်လည်း ဆုတောင်းပွဲ ကျင်းပထားသည့် အရှိန်လည်း ရှိသောကြောင့် နန်းတော်တစ်ခုလုံး နျစ်ခြိုက်စွာ အိပ်မောကျလျက် ရျိသည်။ မိမိသည်လည်း စောင့်ဆိုင်းရင်း အိပ်ပျော်သွားမိသည်။
စိမ်းလမ်းစိုပြည်လှသော တောအုပ်ကြီး အလယ်တွင် ဖြစ်သည်။ သေးငယ်သော စမ်းချောင်းကလေးမှ ရေစီးသံများလည်း ကြားနေရပေသည်။ စမ်းချောင်းလေး၏ နံဘေးတွင် တင့်တယ်စွာ ထိုင်နေလေသော အဘိုးအိုတစ်ယောက်လည်း ရှိနေသည်။ မိမိလည်း နတ်နန်းတွင် စောင့်ဆိုင်းနေခိုက် မည်ကဲ့သို့ ယခုနေရာအား ရောက်လာသည့် အကြောင်းကို မေးမြန်းရန် အဘိုးအို အနားသို့ တိုးလာခိုက်
" နတ်ဆရာမလီ အခု အိပ်မက် မက်နေတာပါ ၀န်ခံရရင် အဘိုးက အိပ်မက်ထဲ ခေါ်လိုက်တာပါ နတ်ဆရာမလီနဲ့ ဆွေးနွေးစရာလေး ရှိနေလို့ပါ။"
ဂိုဂူလျော နတ်နန်းတွင် သူမ၏ မျိုးရိုးအား မည်သူမျှပင် မသိချေ။ ယုတ်စွအဆုံး ဂိုဂူလျော၏ မင်းကြီးလီဝမ်ပင် မသိချေ။ ယခုမှတွေ့သော အဘိုးအိုက သိနေသည်မို့ အတော်ပင် ထူး ဆန်းနေပေသည်။
YOU ARE READING
perfect soulmate {Completed}
Historical Fictionအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo