Zaw gyi
ညက လရောင်ကြောင့် ပျပျလေး လင်းနေပါသည်။ ဂိုလျော၏ ပင်မတပ်တွင်တော့ ဒဏ်ရာရ စစ်သည်များကို ကုသနေသော ဆေးကုသရုံများနှင့် ရှုပ်ရှပ်ခက်နေပါ၏။
သို့သော တပ်စခန်း၏ ကျုံးပေါ်တွင်တော့ လီယောလ်တစ်ယောက် တစ်စုံတစ်ခုကို နက်နက်နဲနဲ တွေးနေပါ၏။
လတ်တလောလေးတွင် ဖြစ်ပွားခဲ့သည်များကို ပြန်လည်သုံးသပ်နေခြင်း ဖြစ်သည် ။ ဘတ်ဂျယ်မှ ဝိုယောင်းသို့ အင်အားနှစ်ဖက်ခွဲကာ ချီတက်လာမည်ဟု သတင်းပို့လာသောကြောင့် လီယောလ်က အင်အားကို နှစ်ဖက်ခွဲလိုက်ခြင်း ဖြစ်သည်။
သို့သော် လီယောလ်ထင်ထားသလို နှစ်ဖက်မလာဘဲ လီယောလ်မရှိသည့် တစ်ဖက်ကိုသာ အင်အားအများသုံးက ချီတက်သွားသည်။ ထို့ကြောင့် ဂိုလျောမှာ အထိအခိုက်များသွားရသည်။
ထို့ကြောင့် သူ့ချီတက်မည့် သတင်းက ဝိုယောင်းက ပေးသည်သာ ဖြစ်ရမည်။ ထို့ကြောင့်သာ ဘတ်ဂျယ်က သူ မရှိနေနိုင်သည့် ဘက်က ချီတက်သွားနိုင်ခြင်း ဖြစ်သည်။
သေချာသည်ကာ ဝိုယောင်းက အခြေအနေကို ကောင်းကောင်းသုံးသပ်နိုင်သွားသည် ထင်၏။ လီယောလ်လည်း တစ်ချက်ပြုံးလိုက်မိသည်။ ယခုတစ်ခါတွင်တော့ သူညံ့သောကြောင့် ခံလိုက်ရသော်လည်း နောက်အခါတွင်တော့ ရမည်မဟုတ်ချေ။
ထို့ကြောင့် စိတ်ချရသော ကိုယ်ရံတော်တစ်ယောက်ကို ခေါ်လိုက်တာ တိတ်တဆိတ်ပြောလိုက်သည်။ ထို့နောက်တွင်တော့ ကိုယ်ရံတော်လည်း တိတ်တဆိတ် ခပ်သွက်သွက် ထွက်ခွာသွားတော့သည်။
------------------------------------------------/////
ဝိုယောင်း၏ တိတ်ဆိတ်စွာ ပေးလာသော သတင်းကြောင့်လီယောလ်တပ်၏အခြေအနေကို သိလိုက်ရပါ၏။လီယောလ် မရှိနေသည့် ဘက်မှ ချီတက်ရန်လည်း ပြင်ဆင်လိုက်သည်။
စချီတက်ကတည်းက အင်အားကို တစ်ဖက်တည်းတွင်သာ သုံးထားလိုက်သည်။ တောင်ဘက်၏ အဆင်းတွင် ရှိသော ယူဟေးကို ချီတက်ရန်သာ ဖြစ်သည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးတွင် ဂိုလျော၏ အသက်သွေးကြောဖြစ်သော ယူဟေးကိုသာ ရလိုက်လျှင် ဂိုလျောကို လက်ကို ဖြတ်ချလိုက်သည်နှင့် အတူတူပင်။

YOU ARE READING
perfect soulmate {Completed}
Historical Fictionအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo