[18]

1.9K 301 19
                                    

ဂိုဂူလျောနှင့် ရှီလာနှစ်နိုင်ငံအခြေအနေသည်လည်း တင်းမာလျက် ရှိသည်။ ဂိုလျောနှင့် အပြိုင် သံတမန်စေလွှတ်ခဲ့သည်ကို သိသွားပြီးနောက် ဂိုလျော၏ အခြေအနေကို တွက်ဆနိုင်နေပေသည်။

ရှီလာသည် သံတမန်အဖြစ် အိမ်ရှေ့စံမင်းသားအား စေလွှတ်လိုက်သော သတင်းသည် အတိုင်းတိုင်း အပြည်ပြည်တွင် ပျံ့နှံ့နေပေသည်။

ဂိုလျောအနေနှင့်လည်း ဘတ်ဂျယ်၏ သ၀ဏ်လွှာကိုသာ စောင့်ဆိုင်းနေရတော့မည် ဖြစ်သည်။

လီဝမ်မင်းကြီး လက်ထက်တွင် အမတ်ကြီးများ၏ ကြိုးကိုင် ဖလှယ်မှုများ ၊ တော်ဝင်မိသားစုများ၏ နေရာယူလိုမှုများမှာ များပြားနေသောကြောင့် အုပ်ချုပ်ရေးပိုင်းမှာ အတော်ပင် ပျက်ပြားနေလေသည်။

စစ်ရေးအရလည်း အားနည်းနေသည်မို့ ဘတ်ဂျယ်သာ မဟာမိတ်ကမ်းလှမ်းချက်ကို လက်မခံခဲ့လျှင် ဂိုလျောသည် ကျိန်းသေပေါက် ရှီလာလက်အောက် ရောက်ရမည် ဖြစ်သည်။

ဘတ်ဂျယ်မှ သ၀ဏ်လွှာသည် ဂိုလျောသားတို့အတွက် အသတ်တမျှပင် အရေးကြီးသည့် အနေအထားပင် ဖြစ်သည်။

တစ်ပတ်ခန့်ကြာသောအခါ ဂိုလျောနန်းတွင်းထဲသို့ ဘတ်ဂျယ်မှ ဆက်သား ရောက်လာပါတော့သည်။

လီဝမ်မင်းကြီးလည်း သ၀ဏ်လွှာကို ဟန်ပင်မဆောင်နိုင်ပဲ ယူဖတ်လိုက်သည်။ ထို့နောက် အတော်ပင် ငြိမ်ကျသွားသော မင်းကြီးအားကြည့်ကာ ရလာဒ်ကို အားလုံးက သိလိုက်ကြသည်။

ဂိုလျောမင်းဆက် ပျက်သုန်းတော့မည် ဖြစ်သည်။

**********************

ကိုယ်ရံတော် အိုဂျွန်းလည်း မင်းကြီး၏ ဆင့်ခေါ်မှုကြောင့် စစ်ရေးပြကွင်းမှ ချက်ချင်းလာခဲ့ရသည်။ အပြေးအလွှားပင် နန်းဆောင်သို့ ၀င်ရောက်လာခဲ့သည်။

လသာဆောင်ဘက်တွင် ရေနွေးကြမ်း သုံးဆောင်နေဟန် ရှိသော မင်းကြီးသည် အဝေးတစ်နေရာသို့ ငေးနေခဲ့သည်။

မည်သူမဆို ဖြစ်နိုင်သည့် အနေအထားပင်။ မိမိသာ မင်းကြီးနေရာတွင်လည်း ထိုကဲ့သို့သာ ခံစားရမည် ဖြစ်သည်။

perfect soulmate   {Completed}Where stories live. Discover now