[7]

2.3K 329 2
                                    

အချိန်ကာလသည်လည်း စက်ဝိုင်းကဲ့သို့ လည်ပတ်ကာ ရာသီအလီလီ ကူးပြောင်းခဲ့ချေသည်။ကာကွယ်စောင့်ရှောက်သူဖြစ်သော ဟျွန်းလေး သည်ပင် အသက်ဆယ်နှစ်အရွယ်ရှိချေပြီ။ အသက်ဆယ်နှစ်သာ ရှိသော်လည်း ဓားရေးကျွမ်းကျင်မှုမှာ မင်လေးနှင့် ယောင်းလေးကိုပင် တန်ပြန်တိုက်ခိုက်နိုင်သည်ပဲ ဖြစ်သည်။ အသားအရည်ဖြူဖြူ  ၊ ရဲရဲနီသော နှုတ်ခမ်းပါးနှင့် ပြုံးလိုက်လျှင်  အလွန်ပင် ချစ်စရာကောင်းသည်ပဲ ဖြစ်သည်။ ဖြူဖြူနွဲ့နွဲ့ လေး ဖြစ်သည်မို့ မိန်းကလေးနှင့် တူသည်ဟု ပြောလျှင် အလွန်စိတ်ဆိုးတတ်သည်ပင်။ သို့သော် ထိုဖြူဖြူနွဲ့ နွဲ့လေးမို့  အထင်သေးလိုက်မိပါက မှားပေမည်။ ဆယ်နှစ်အရွယ် ပိန်ပိန်ပါးပါး ကောင်ငယ်လေးသည် တစ်ယောက်တည်းနှင့်ပင် လူအယောက်ငါးဆယ်အား အသာလေး ရှင်းပစ်နိုင်သည်ပဲ ဖြစ်သည်။ မရဏလမ်းအား ခပ်ပြုံးပြုံးမျက်နှာဖြင့် အရောက်ပို့ဆောင်ပေးမည့်သူသာ ဖြစ်သည်။အကြီးအကဲဘတ်သည်လည်း မိမိ၏ သားလေးအတွက် အလွန်ဂုဏ်ယူရသည်ပဲ ဖြစ်သည်။

ယနေ့တွင်ကား ပင်လယ်ပျော်မျိုးနွယ်တို့၏ နေ့ထူးနေမြတ်ပင် ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် နှစ်တိုင်းကျင်းပလေ့ရှိသော မြားပစ်ပြိုင်ပွဲ ကျင်းပမည့်နေ့ ဖြစ်သည်။ပြိုင်ပွဲဝင် အသီးသီးသည်လည်း ရောက်ရှိနေပြီ ဖြစ်သည်။ ပြိုင်ပွဲဝင်များအား အသက်အရွယ် မကန့်သတ်ထားပဲ မည်သည်မဆို ပြိုင်ပွဲဝင်နိုင်သည်။ပြိုင်ပွဲကျင်းပသည့်နေရာသို့ သွားရောက်ရန် အကြီးအကဲဘတ် ပြင်ဆင်နေခိုက်တွင် အိပ်ဆောင်အပြင်မှ ငိုသံကြားလိုက်ရသည်။သားငယ်ဟျွန်းလေး၏ အသံပင် ဖြစ်တော့သည်။

"အမေကလည်း သားကို ပြိုင်ခွင့်ပေးပါ သား ကောင်းကောင်း ပစ်နိုင်တာလည်း သိရဲ့သားနဲ့"

" သိလို့ကို ခွင့်မပြုတာ "

" ဘာဖြစ်လို့လဲ အမေ သားကို ဘာလို့ ခွင့်မပြုတာလဲ "

" ဟျွန်းလေး သေချာမှတ်ထား သားလေးက ဘယ်သူ့အတွက်မှ မွေးလာတာ မဟုတ်ဘူး သားအတွက် သားမွေးလာတာ "

" အမေက ဟောကိန်းကို စိတ်ပူနေပြန်ပြီ သားအခုလို အကုန်လုံးတော်အောင် တတ်အောင်သင်တာက ဟောကိန်းထဲက သူကို ကာကွယ်ဖို့ မဟုတ်ပါဘူး အဖေအသက်ကြီးတဲ့အခါ သားက အဖေ့တာဝန်တွေ ယူပေးနိုင်အောင်လို့ပါ။ တာဝန်ယူဖို့ဆို သားက အားလုံးထက် တော်မှ ဖြစ်မယ်လေ ဒါ့ကြောင့် သင်ယူခဲ့တာပါ "

perfect soulmate   {Completed}Where stories live. Discover now