[39]

1.2K 235 11
                                    

အချိန်အားဖြင့် ရေတွက်ရသော် ဒုတိယမြောက်နေ့ပင် ဖြစ်လာခဲ့လေသည်။ နံနက်ခင်းတိုင်း ယောလ်၏ ရင်ခွင်ထဲမှ နိုးထရသည်ကိုလည်း သဘောကျနေမိပြီ။ သို့သော် ယောလ်နှင့် ပတ်သတ်သော အကြောင်းအရာများအား စဉ်းစားမရသေးပါ။

ယနေ့နံနက်တွင်တော့ ယောလ်က နောက်တစ်နေရာသို့ ခေါ်သွားမည်ဟု ညကတည်းက ပြောထားခဲ့သည်မို့ ကိုယ်လက်သန့်စင်ကာ အ၀တ်လဲလိုက်သည် ။

နှစ်ယောက်သား အပြင်သွားရန် ပြင်ဆင်နေခိုက် ရောက်လာသည်က ဘိုဂန်ပင် ဖြစ်သည်။ ရောက်ရောက်ချင်း ဘိုဂန်ကပဲ ဦးအောင်နှုတ်ဆက်လာခဲ့သည်။

" ဘယ်သွားကြမလို့လဲ"

" ဒီနေ့ယောလ်က နောက်တစ်နေရာ ခေါ်သွားမယ် ပြောထားတယ် ဘယ်နေရာလဲတော့ မသိဘူး"

ဘိုဂန်၏ အမေးကို ချစ်ရသူက ဖြေကြားနေသော်လည်း ယောလ်မှာ ဘိုဂန်နှင့် မျက်နှာချင်းပင် မဆိုင်ချင်။ ထို့ကြောင့် မသိချင်ယောင် ဆောင်နေလိုက်သော်လည်း ဘိုဂန်၏ အသံက နားထဲဝင်လာသည်။

" ဟျွန်း ယောလ်နဲ့ နှစ်ယောက်တည်း စကားပြောချင်လို့ ရမလား"

" အာ.. ဟုတ်ကဲ့ ရပါတယ် ယောလ် ဟျွန်း ဟိုရှေ့နားကပဲ စောင့်နေမယ်နော်"

ပြောပြောဆိုဆိုနှင့် ဟျွန်းက ထွက်သွားချေပြီ။ မဖြစ်မနေထွက်တွေ့ရတော့မည်မို့ ယောလ်လည်း မသိဟန်ဆောင်လို့ မရတော့။ ဘိုဂန်က ယောလ်၏ ပုခုံးကို ခပ်ဖွဖွ ပုတ်ကာစကားဆိုလာသည်။

"မင်း စိတ်ညစ်နေမယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့ မင်း ဟျွန်းကို ထားခဲ့လည်း ငါတို့နဲ့ စိတ်ချရပါတယ်ကွာ"

" ဘယ်လိုလုပ်ထားခဲ့နိုင်မလဲ ဘိုဂန် ဟျွန်းမရှိရင် ကျွန်တော်က အသက်မရှင်နိုင်ဘူးဗျ ကျွန်တော့အတွက် သူက အသက်ထက်တောင် တန်ဖိုးထားရတဲ့သူပါ"

မည်သို့ပင် မှတ်မိစေရန် ကြိုးစားနေကာမူ မှတ်မိရန် အတော်လေး မဖြစ်နိုင်သည်မို့ မျှော်လင့်ချက်ဖြင့် မပင်ပန်းစေလိုသော အားဖြင့် လာရောက် ဖျောင်းဖျခြင်းသာ ဖြစ်သည်။ သို့သော်လည်း ယောလ်က လက်ခံမည့်ပုံမပေါ်ချေ။

perfect soulmate   {Completed}Where stories live. Discover now