[73]

784 134 5
                                    

Zaw Gyi

စိုးရိမ်စိတ် ပြင်းပြကာ သမားတော်ရှိရာ အပြေးအလွှား သွားခဲ့သော်လည်း သိလိုက်ရသည့် အဖြစ်မှာ ငိုအားထက် ရယ်အားသန်ပင် ဖြစ်ပါ၏။

" ဘာမှ မဖြစ်ပါဘူး မင်းကြီး ရက်တော်တော်များများ မအိပ်ရဘူး ဖြစ်နေလို့ပါ စိတ်ချရတဲ့ နေရာထိ ရောက်အောင် တောင့်ခံထားပုံ ရပါတယ် စိတ်ချရတဲ့နေရာလည်း ရောက်ရော ခန္ဓာကိုယ်က အနားယူလိုက်တဲ့ သဘောပါ
အားဆေးတော့ ပေးလိုက်ပါမယ်"

အိပ်ပျော်နေသူလေးကို အသာအယာပွေ့ခေါ်လာရင်း သူ၏ ရွက်ဖျင်တဲတွင်သာ နေရာချထလိုက်ပါ၏။ မျက်နှာနုနုနှင့် မလိုက်ဖက်စွာ ရှိနေသော အမွှေးအမှင်များကို ကြည့်ကာ စ်တ်မကောင်း ဖြစ်ရသည်။

မည်မျှအထိ စိတ်ထိခိုက်သောကြောင့် ထိုသို့ မရိတ်မသင်ပဲ နေရသနည်း။အစ်ကိုမင်လေး၏ ထိခိုက်မှုကြောင့် သူ့ကိုယ်သူ အပြစ်တင်နေဟန်လည်း ရှိပါ၏။

နိုးလာသည့် အခါမှ စိတ်အေးရအောင် ဖျောင်းဖျရပေမည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သော ချစ်ရသူ၏ ပါးပြင်ကို အသာအယာထိတွေ့မိသည်။

မည်သည့်ပုံပန်းသွင်ပြင် ဖြစ်နေစေကာမူ ဟျွန်းကတော့ သူ့အတွက် ဆွဲဆောင်မှု ရှိနေဆဲပင် ဖြစ်ပါ၏ ။ ပါးပြင်ကို ခပ်ဖွဖွ နမ်းမွှေးပြီးနောက်မှ လီယောလ်လည်း ထွက်လာခဲ့တော့သည်။

--------------------------------------/////

မိတ်ဆြွေဖစ်သူ၏ သတင်းဆိုးကို ကြားလိုက်ရသည့် အခိုက်တွင် ဘတ်ဂျယ်ပြည့်ရှင်လည်း သွေးပျက်သွားရသည်။ဂိုလျောကား အထင်သေးစရာမဟုတ်ကြောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။

ဘတ်ဂျယ်၏ အင်အားကို ဖြည့်တင်းရန် ရှီလာဘုရင် အိုဂျွန်းထံ အကြောင်းကြားသော်လည်း အကြောင်းမပြန် ။သေချာပေါက် ဘေးထွက်ထိုင်နေမည့် အနေအထားပင် ဖြစ်ပါ၏။ ထို့ကြောင့် ဘတ်ဂျယ်လည်း မိမိဘာသာ လှုပ်ရှားရန် ပြင်ဆင်ရတော့သည်။

ထို့ကြောင့် နောက်ငါးရက်မြောက် ညတွင် ဂိုလျော၏ ပင်မတပ်စခန်းကို ၀င်ရောက် စီးနင်းမည်ဖြစ်ကြောင်း ထို့ကြောင့် ဂိုလျောတပ်များ အရေးနိမ့်စေရန် တစ်ခုခုဆောင်ရွက်ထားရန် ဝိုယောင်းထံ စာပို့လိုက်သည်။

perfect soulmate   {Completed}Where stories live. Discover now