မီးပုံပွဲ ကျင်းပရန် အခမ်းအနားတွင် ခဏမျှ နေပေးပြီးသည်နှင့် မိမိနှင့် မိုယွန်းလည်း နတ်ဆရာမ ထံ ထွက်ခွာခဲ့လေသည်။ ယောလေး ရောက်ရှိလာသော အဖြစ်အပျက်သည် ပုံမှန် အဖြစ်အပျက် မဟုတ်သည်ကို သိနေကြသည်မို့ တိုင်ပင်ရန် ရောက်လာခြင်းပင် ဖြစ်သည်။
နတ်ဆရာမသည်လည်း နတ်ကွန်း ရှေ့တွင် မတ်တပ်ရပ်နေသည်ကို တွေ့ရသည်မို့ ဦးညွတ်ကာ အရိုအသေ ပေးလိုက်သည်။ နတ်ဆရာမလည်း နတ်ကွန်းအတွင်းသို့ ဦးဆောင်ထွက်သွားသည်မို့ မိမိတို့ နှစ်ယောက်လည်း လိုက်ပါလာခဲ့သည်။နေရာတွင် ထိုင်လိုက်သည်နှင့် ....
" အကြီးအကဲ ဘာလို့ ရောက်လာလဲ သိပါတယ် မေးမှာကိုလည်း ကြိုသိတယ် ရောက်လာတဲ့ သူက ကြယ်တံခွန်ပိုင်ရှင်ပဲ နောက်တစ်မျိုး ပြောရရင်တော့ အကြီးအကဲရဲ့ သားလေးက ကာကွယ်စောင့်ရှောက်ရမဲ့ သူပဲ "
နတ်ဆရာမ၏ စကားဆုံးသည်နှင့် မိုယွန်းထံမှ ရှိုက်သံ သဲ့သဲ့ ထွက်လာတော့သည်။ မိမိလည်း စိတ်မကောင်းဖြစ်ရသည် ။ သို့သော် မိမိက မျိုးနွယ်ခေါင်းဆောင် မို့ သေချာအောင် လုပ်ရပေမည်။
" ဆက်ပြောပါဦး နတ်ဆရာမ "
" အကြီးအကဲရဲ့ သားက သူ့ကို ကာကွယ်စောင့်ရှောက်ဖို့ ကံနဲ့ မွေးလာတာပါ ကံတရားကို ဖီဆန်မယ်ဆိုရင် မျိုးနွယ်စုအတွက် မကောင်းနိုင်ဘူး ကြယ်တံခွန်ပိုင်ရှင် ၁၈ နှစ်ပြည့်တာနဲ့ ဒီကျွန်းက ထွက်ခွာရလိမ့်မယ် မထွက်ခွာရင် မျိုးနွယ်စုအတွက် ကပ်ဘေးဆိုက်ရလိမ့်မယ် "
" သူတစ်ယောက်တည်းလား "
" မဟုတ်ဘူး အကြီးအကဲရဲ့ သား ဟျွန်းလေးပါ ပါတယ် သူတို့က အတူတကွ သွားကြရလိမ့်မယ် ကြယ်တံခွန်ပိုင်ရှင်ရဲ့ အသက်က သူ့အပေါ် မူတည်တယ် သူ့အသက်ကလည်း ကြယ်တံခွန်ပိုင်ရှင် အပေါ် မူတည်တယ် သူတို့က မွေးလာကတည်းကိုက တစ်နေ့ကျ ပေါင်းစပ်နိုင်မဲ့ ကံမျိုးနဲ့ မွေးလာကြတာ ၀ိညာဥ်ဖက်တွေလိုပဲ တစ်ယောက်ကို တစ်ယောက်က ကာကွယ်ပေးကြလိမ့်မယ်"
" ဒါဆို ကျွန်မ သားလေးက ကျွန်းက ထွက်သွားရမှာပေါ့ မဖြစ်ဘူး ကျွန်မ ခွင့်မပြုနိုင်ဘူး "
YOU ARE READING
perfect soulmate {Completed}
Historical Fictionအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo