[63]

892 185 16
                                    


ရှီလာ၏ အကျဉ်းထောင်တွင် ဖြစ်သည်။ မီးရောင် မှိန်ပျပျသာ ထွန်းထားသော်လည်း ပတ်ဝန်းကျင်ကိုတော့ ကောင်းစွာ မြင်နေရသည်။

မြေတိုက်အကျဉ်းထောင်ဖြစ်သည်မို့ အောက်သိုးသိုးအနံ့က အတော်လေးဆိုးရွားသည်။ ဘတ်ဟျွန်းကို လုပ်ကြံသော မြားစစ်သည်တို့အနက် အချို့ကို မိထားသော်လည်း အချို့ကမူ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားကြသည်။

ထို့ကြောင့် ဆယ်ယောက်ခန့်ရှိသော မြားစစ်သည်တို့အနက် ငါးယောက်လောက်သာ အရှင် ဖမ်းမိသည်။

ထိုငါးယောက်တို့အနက် အချို့မှာ သတ်သေရန် ကြိုးစားသော်လည်း အိုဂျွန်းတို့မှ အချိန်မီ တားဆီးနိုင်သောကြောင့်သာ အသက်ရှင်နေခြင်း ဖြစ်သည်။

လုပ်ကြံမှု ဖြစ်သည်မို့ မအောင်မြင်ဘဲ ဖမ်းမိလျှင် သေသည်ထက် ဆိုးသည့် နာကျင်မှုများကို ခံစားရမည်ဖြစ်ကြောင်း သိပြီးသားပင်။

ထို့ကြောင့်လည်း လုပ်ကြံသူများအနက် အချို့က သတ်သေကြခြင်း ဖြစ်သည်။ အပြစ်သားများကို တစ်ခန်းတည်းတွင် အတူတကွ ချုပ်နှောင်ထားသည်။

လီယောလ်ကိုယ်တိုင် အကျဉ်းထောင်ကို ရောက်လာခဲ့သည်။ နံဘေးတွင်တော့ စစ်သူကြီး အိုဂျွန်းကပါ လိုက်ပါလာသည်။

အကျဉ်းသားတို့၏ ရှေ့တွင် ထိုင်လိုက်ရင်း မေးလိုက်သည်။ လီယောလ်၏ အသံတို့က ခက်ထန်လျက် ရှိသည်။

" ဘယ်သူ လုပ်ခိုင်းတာလဲ"

နောက်ကွယ်က ကြိုးကိုင်သူကို မေးလိုက်ခြင်း ဖြစ်သည်။ တစ်ဉီးတစ်ယောက်ကမျှ မဖြေပေ။ ထိုသို့ လွယ်လင့်တကူ မေးမြန်းမရနိုင်မှန်း  လီယောလ် သိပြီးသားပင်။

ထို့ကြောင့် မီးရဲနေသော သံချောင်းပြားကို ကိုင်လိုက်တာ အပြစ်သား၏ ခြေခုံပေါ် ထိုးချလိုက်သည်။

" အား...... အား !"

အကျဉ်းသား၏ အသံနက်ကြီးသည် ကျယ်လောင်စွာ ပေါ်ထွက်လာသည် ။ သို့သော် အကျဉ်းသားက မဖြေသေးပေ။

နှိပ်စက်သမျှကို နာနာကျင်ကျင်သာ ဟစ်အော်နေသည်။ တစ်ယောက်ပြီးတစ်ယောက် နာကျင်မှုတို့ကို မရပ်မနားပေးစေသည်။
နာကျင်ရလွန်း၍ သတိလစ်သည့်တိုင် ရေအေးအေးဖြင့် ပက်ကာ ဆက်တိုက် နှိပ်စက်စေသည်။

perfect soulmate   {Completed}Where stories live. Discover now