မိမိရှေ့တွင် ရှိနေသောလူသားလေး၏ ချစ်စရာကောင်းမှုကြောင့် မိမိမှာ တကယ့်ကိုပင် အသည်းယားလာရသည်။
စိတ်မဆိုးပါဟု ဆိုသော်လည်း ဆူထော်နေသော နှုတ်ခမ်းတို့ကြောင့် စိတ်ဆိုးနေသေးသည်မှာ အသေအချာပင် ဖြစ်သည်။
ထို့ကြောင့် နဖူးပြင်လေးအား အသာအယာ ခပ်ဖွဖွ နမ်းလိုက်မိသည်။ ထိုအချိန်တွင် ခပ်မှေးမှေးမျက်ဝန်းတို့တွင် အံ့သြရိပ်က အထင်းသားပင် ဖြစ်သည်။
ဖြစ်တည်လာသော စိတ်ခံစားချက်တို့က သမာရိုးကျ မဟုတ်နေခဲ့သည်ကိုလည်း ရိပ်မိလိုက်ပါ၏။
သို့သော် ယောကျာ်းလေးအချင်းချင်းမှာ ယခုကဲ့သို့သော ခံစားချက်မျိုးက ဖြစ်နိုင်ပါမည်လား။ သူလည်း ယောကျာ်း ကိုယ်လည်းယောကျာ်းဆိုသည်မှာ အသိသာကြီးပင် ဖြစ်သည်။
သို့သော် ဟျွန်းလေးအပေါ် ခံစားရသော ခံစားချက်မှာ အခြားသူများနှင့် မတူသည်ကိုတော့ တိတ်တဆိတ်လက်ခံလိုက်သည်။
သို့သော် မိမိအနေဖြင့် ဟျွန်းလေးက မိမိအပေါ် ဂရုစိုက်ပေးသောကြောင့် မိမိ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်သည်မို့ ထိုသို့ ခံစားရသည် ဟု ထင်မိသည်။ ထို့ကြောင့်သာ ယခုကဲ့သို့ ခံစားရခြင်း ဖြစ်ပေမည်။
ရုတ်တရက် ဖြစ်လာသော စိတ်ဆန္ဒအချို့ကြောင့် နှုတ်ခမ်းပါးတို့ထံ အလည်သွားမိပြန်သည်။ ချိုမြိန်လွန်းသော နှုတ်ခမ်းများပါပင်။
မိမိ၏ ပထမဆုံး အနမ်းကို ပေးရခြင်းကို နောင်တမရနိုင်သည်အထိ နှုတ်ခမ်းပါးတို့က ဆွဲဆောင်လွန်းခဲ့သည်။
မိမိ၏ အနမ်းများ ရှည်ကြာလွန်းသည်ထင်၏။ မျက်နှာကိုတွန်းထုတ်လာသော လက်တို့ကြောင့် အလိုက်သိစွာ ဖယ်ခွာလိုက်သည်။
အပြစ်တင်စကားဆိုတော့မည့် မျက်နှာလေးကြောင့် နှုတ်ခမ်းပါးတို့ကို ထပ်မံဖိကပ်မိပြန်သည်။ အတန်ငယ် နမ်းပြီးမှ ခွာလိုက်သည်မို့ မောဟိုက်နေပါသော ကိုယ်လေးကြောင့် ပြုံးမိရပြန်သည်။
နဖူးချင်းထိထားလိုက်ရင်း နမ်းလိုက်မိသည့်အတွက် ဆင်ခြေပေးရမည် ဖြစ်သည်။ ယောကျာ်းတစ်ယောက် ဖြစ်သော ဟျွန်းလေးအတွက် မည်သည့်ဆင်ခြေက အကောင်းဆုံး ဖြစ်မည်နည်း တွေးလိုက်သည်။

أنت تقرأ
perfect soulmate {Completed}
أدب تاريخيအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo