ဂိုဂူလျော၏ သတင်းကို ရလိုက်သည့်အချိန် ဆူဝမ်မင်းသားက ရှီလာသို့ မရောက်ခင် လမ်းတစ်ဝက်တွင် ရောက်ရှိပြီ ဖြစ်သည်။ထွက်မလာခင်က သူပုန်သတင်းသည် လှည့်စားရန် သက်သက် ဖြစ်သည်ကိုလည်း ရိပ်မိလိုက်ရသည်။
"တောက် !!! ငါကွာ "
ဆူဝမ်မင်းသားလည်း ဘာမှ မတတ်နိုင်ဘဲ ရှီလာသို့သာ ခရီးဆက်ရတော့သည်။ ချစ်ရသည့် မိဖုရားက ဂိုလျောတွင် ကျန်ခဲ့သည်မို့ ရတက်မအေးဘဲ ရှိရတော့သည်။
သို့သော်လည်း ပြန်လှည့်ရန် အခွင့်အရေး မပေးသည်မို့ ရှီလာကိုသာ ဦးတည်၍ ပြန်လာလိုက်ရတော့သည်။
ရှီလာအား ပုံမှန်သွားချိန်ထက်ပင် သွားနှုန်းကို မြှင့်လိုက်သည်မို့ ရက်အနည်းငယ်အတွင်းမှာပင် ရောက်လာတော့သည်။
ဂိုလျောမှ သတင်းကို ကြားလိုက်ရသည်နှင့် ရှီလာနန်းတွင်းတစ်ခုလုံး တုန်လှုပ်သွားရတော့သည်။
အဘယ်ကြောင့်ဆိုသော် ကြယ်တံခွန်ဟောကိန်းကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။
ထို့အပြင် ရှီလာ၏ ဘုရင်မင်းမြတ်နှင့် အိမ်ရှေ့စံဖြစ်သော ဆူဝမ်မင်းသားသာ သိနေသည့် အမှန်တရားက ဂိုလျောကြောင့် ရှီလာပျက်သုန်းမည်ဆိုသော အချက်ပင် ဖြစ်သည်။
ထို့နောက် အိပ်မက်ထဲတွင် သွေးဆာနေသော မျက်ဝန်းပိုင်ရှင်အကြောင်းကိုလည်း သိနေသည်မို့ သားအဖနှစ်ယောက် ခေါင်းချင်းဆိုင်ရတော့သည်။
ဆူဝမ်မင်းသားသည်လည်း မိဖုရားဖြစ်သူ ကျန်ရစ်ခဲ့သည်မို့ အတော်လေး စိုးရိမ်သောက ရောက်နေသော်လည်း ဖခင်ဖြစ်သူနှင့် ဂိုလျောကို မည်သည့်နည်းဖြင့် တန်ပြန်တိုက်ခိုက်မည့် အကြောင်းကို ဆွေးနွေးနေခဲ့လေသည်။
ရှီလာဘုရင် ဖြစ်သူက စစ်သူကြီး ဖြစ်သူကို ချက်ချင်းဆင့်ခေါ်ကာ စစ်တိုက်ရန်ပြင်သည်။
" ခမည်းတော် အလျင်စလို မလုပ်ပါနဲ့ မိဖုရားက သူတို့ လက်ထဲမှာ ပြီးတော့ သားတော်ရဲ့ ကိုယ်ဝန်ကိုလည်း လွယ်ထားရတာပါ သံတမန်ရေးနဲ့ ညှိလို့ မရနိုင်သေးရင်လည်း စစ်တော့ မတိုက်ပါနဲ့ဉီး"
YOU ARE READING
perfect soulmate {Completed}
Historical Fictionအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo