[15]

1.9K 281 19
                                    

ဟျွန်းလေး၏ ဘေးနားတွင်တွေ့နေရသော လောရှည်ကောင်ကို အတော်ကိုပင် ကြည့်မရတော့ ။ မီးပုံပွဲညက အဖြစ်အပျက်ကို မြင်လျှင် ပိုဆိုးသည်။ ထို့ကြောင့် ထိုအရိုင်းအစိုင်းကောင်အား ပညာပေးရန် စောင့်ဆိုင်းနေခဲ့သည်။

တစ်ရက်တွင်တော့ အပြင်ထွက်သွားသော ဟျွန်းလေးနှင့် အကြီးအကဲ ဘတ်အား တွေ့လိုက်ရသည်မို့ အခွင့်အလမ်းပေါ်လာလေပြီ။ ထို့ကြောင့် မိမိ၏ လူယုံတစ်ဦးအား စေလွှတ်ကာ ဟျွန်းလေးက ကျွန်း၏ တောင်ဘက်သွားကြောင်း သတင်းပို့စေသည်။ တောစပ်တွင် မိမိ၏ လူများအား အ၀တ်နက်များ၀တ်စေကာ အသင့်စောင့်ခိုင်းထားသည်။

ဟျွန်းလေးလည်း သူ့အား တောင်ဘက်သည် တားမြစ်နယ်မြေ ဖြစ်ကြောင်း အသိပေးထားမည်မှာ မလွဲမသွေပင် ဖြစ်သည်။ထိုအချက်ကို အသုံးချကာ မျှားခေါ်လာခြင်းပင် ဖြစ်သည်။

ဟျွန်းလေးတို့ ထွက်သွားပြီးချိန် မှ စတင်ကာ အိမ်အနီးတွင် စောင့် ဆိုင်းနေခဲ့သည်။ မိမိ၏ လူတစ်ယောက်အား ဟျွန်းလေးတို့ ပြန်လာလျှင် အချက်ပြရန် စေလွှတ်ထားလိုက်သည်။နေ့လည်အတော်ကျော်သည့် ချိန်အထိ ဟျွန်းလေးက ပြန်မရောက်လာသေးပေ။

လောရှည်ကောင်က အိမ်၀အထိ ထွက်လာကာ ဟိုကြည့် သည်ကြည့်နှင့် ။ ထိုသို့သော အမူအရာ ပိုပုံကိုလည်း မိမိမှာ မုန်းရသည်။ ခဏအကြာ၌ အချက်ပြသံ ကြားလိုက်ရသည်မို့ လူယုံအား စေလွှတ်တာ အကြောင်းကြားခိုင်းလိုက်သည်။ ထို့နောက် ကျွန်း၏ တောင်ဘက်သို့ ပြေးထွက်သွားပါသော လောရှည်ကောင်အား တွေ့လိုက်ရပါတော့သည်။

" မင်းက ဒီနေ့ပဲ သေနေ့စေ့ပြီ "

စိတ်ထဲက ကြုံး၀ါးကာ မိမိကိုယ်တိုင်လည်း ကျွန်းတောင်ဘက် တောစပ်သို့ လိုက်လာခဲ့သည်။ လတ်စသတ်ရမည် မဟုတ်ပါလား။

...................................................
ပုံမှန်ဆိုလျှင် ဟျွန်းလေးက မိမိအား ချန်မထားခဲ့ ။ ယနေ့တွင်မှ ချန်ထားခဲ့သည်မို့ စိတ်မကောင်း ဖြစ်ရသည်။ ဟောကိန်းကြောင့် ဟျွန်းလေးက မိမိအား မုန်းသွားမည်ကို ကြောက်သည်။ ထို့ကြောင့် တတ်နိုင်သမျှ ဟျွန်းလေး အနား နေချင်မိသည်။

perfect soulmate   {Completed}Where stories live. Discover now