မိမိ လက်ပေါ်တွင်ပင် ယောလေး၏ ဇက်ကလည်ထွက်သွားသည်မို့ ပါးကို ခပ်ဖွဖွပုတ်လိုက်ကာ နှိုးလိုက်သည်။ ယောလေးသည် အသက်ပင်မရှူတော့။ အသက်မရှူတော့သော်လည်း နှလုံးခုန်နေသေးသည်မို့ ယောလေးအား အိမ်သို့ ခေါ်ရန် ကြိုးစားမိသည်။ ယောလေး၏ သတိမဲ့နေသော ကိုယ်ကို မနည်းပင်ထမ်းသယ်လာရင်း မိမိပါ ပစ်လဲကျသွားရသည်။
မိမိ ဆေးဆရာဖြင့် ပြသရန်စိတ်လောနေသည်မို့ ချော်လဲသွားရခြင်း ဖြစ်သည်။ လက်ကောက်ဝတ်တွင် ပွန်းသွားသည်ကိုပင် ဂရုမစိုက်နိုင်အား ။ ယောလေးကို ထမ်းသယ်ရန် ကြိုးစားမိသည်။ မိမိက ယောလေးထက် အတော်ပင်ပိန်ပါးကာ ဖွံ့ဖြိုးမှုနှေးသူမို့ မနိုင်မနင်း ဖြစ်နေသည်။လဲကျသွားသည့်နောက် ယောလေးကို စမ်းလိုက်သော အခါ အသက်မျဉ်းမျဉ်းရှူနေသည်ကို တွေ့လိုက်ရသည်။
" ယောလေးရယ် ဟျွန်းသာ သန်မာခဲ့ရင် ယောလေးကို သယ်သွားနိုင်မှာ အခုတော........."
မိမိ ချစ်ရသူ ဖြစ်အင်အား ကြည့်ကာရင်တို့က ကွဲမတတ်ပင်။ ချစ်ရသူအား စိုးရိမ်ပူပန်နေသော်လည်း မိမိက မသယ်ပိုးနိုင်ခဲ့ ။ ခဏခဏပင် ပစ်လဲနေသည်။ မျက်ဝန်းမှ မျက်ရည်တို့က အဆီးအတားမဲ့စွာ ကျဆင်းလျက်ရှိသည်။ ချစ်ရသူက ထိခိုက်နာကျင်နေသော်လည်း မိမိက ဘာမှ အသုံးမကျသည့် ခပ်ညံ့ညံ့ကောင် ဖြစ်နေခဲ့သည်။ ထိုသူအား လက်လွှတ်လိုက်ရလျှင် နာကျင်လာမည့် အတိုင်းအတာကို မမှန်းဆရဲအောင်ပင်။ အဘယ့်ကြောင့်ဆိုသော် အခုကဲ့သို့ မသေချာသော အနေအထားမှာတင် မိမိက ကမ္ဘာ ပျက်နေပြီဖြစ်သည်။
မျက်ရည်များကြားမှ အားယူလိုက်ကာ ယောလေးကို မ လိုက်သည်။ ခါးဆီမှ နာကျင်လာသော ဝေဒနာကို လျစ်လျူရှုကာ တောစပ်အထိ ရောက်အောင်သယ်လာခဲ့သည်။ မိမိပြန်ထွက်အလာကို အလုပ်သမားများနှင့် မိဘများက မျှော်လင့်တကြီးစောင့်ဆိုင်းနေခဲ့ကြသည်။
မိမိသယ်လာသော ယောလေးကို မြင်လိုက်သည်နှင့် အားလုံးက ချက်ချင်းရောက်လာကာ ၀ိုင်းသယ်ပေးကြသည်။အကြီးအကဲ ဘတ်လည်း ယောလေးကို မြင်လိုက်သည်နှင့်..........
" ဒါက ဘယ်လိုဖြစ်ရတာလဲ"
သားကောင်ကြီးများရှိသော တောအုပ်ထဲ ရောက်ခဲ့သူက ကုတ်ခြစ်ရာတစ်စက်တောင် မရှိဘဲ အရိုက်အနှက်ခံထားရသော ကွဲပြဲဒဏ်ရာများက နေရာအနှံ့တွင် ရှိနေသည်။ ခေါင်းထဲတွင် ရိုက်နှက်ထားခံသောကြောင့် လည်ပင်းတစ်လျှောက်တွင် သွေးများက မြင်မကောင်းတော့။ ကျွန်းပေါ်တွင် ယောလေးအား လုပ်ကြံသူရှိနေပြီ။မိမိတို့လည်း သတိကြီးကြီးထားရန် လိုအပ်နေပြီ။ထို့ကြောင့် အလုပ်သမားများအား ယောလေးကို သယ်ဆောင်ရန် မျက်ရိပ်ပြလိုက်သည်။ ထို့နောက် ပြောလိုက်သည်က........

KAMU SEDANG MEMBACA
perfect soulmate {Completed}
Fiksi Sejarahအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo