တည်းခိုဆောင်တွင် တည်းကား သတင်းစောင့်နေသည်မှာလည်း ရက်ပေါင်းဆယ်ရက်ခန့်ပင်ရှိချေပြီ။ နန်းတော်အနီးတွင် သူလျှိုမှ သတင်းထံမှ သတင်းလည်းမရပဲ အရိပ်တပ်ဖွဲ့အားလုံး အိပ်လိုက်စားလိုက်ဖြင့် ပျင်းရိနေတော့သည်။ တစ်ခုသောနံနက်ခင်းတွင်းတော့ သတင်းပေးအား စောင့်ဆိုင်းမနေတော့ပဲ မိမိပဲသွားလိုက်တော့သည်။ အရိပ်တပ်သားသည်လည်း လာသမျှစာပို့ခိုများအား ဖမ်းဆီးကာ သတင်းရယူနေသည်ပဲ ဖြစ်သည်။ မိမိရောက်သွားသည့် အချိန်တွင်လည်း အထက်ပါအတိုင်း လုပ်ဆောင်နေသည်ပဲ ဖြစ်သည်။ မိမိလည်း သူ အား သတင်းရမရ မေးဆတ်ပြလိုက်သည့် အချိန် ၊ ခေါင်းခါပြသည်မို့ စိတ်ညစ်သွားရသည်။တည်းခိုဆောင်သို့ ပြန်ရန် လှည့်အထွက် တပ်သားမှ စာပို့ခိုတစ်ကောင်အား ထပ်မံ ဖမ်းဆီးလိုက်သည်။ ထိုစာပို့ခိုမှ စာကို ဖတ်ကြည့်လိုက်သည်နှင့်
" ခေါင်းဆောင် ဒီစာဖတ်ကြည့်ပါဦး "
ပေးလာသော စာလိပ်လေးအား ဖတ်ကြည့်ပြီးသည်နှင့် တစ်ပြိုင်နက်
" တည်းခိုဆောင်က အရိပ်တပ်ဖွဲ့တွေ အားလုံးကို သွားပြောလိုက် ဒီညပဲ အင်ချွန်းတောင်ကို ထွက်မယ် အားလုံး ပြင်ဆင်ထားလိုက်လို့ "
" ဟုတ်ကဲ့ ခေါင်းဆောင် "
တပ်သားငယ် ထွက်ခွာသွားသည်နှင့် မိမိလည်း ခါးတွင် ချိတ်ထားသော ဓားအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိသည်။ မိမိအတွက် ရှီလာနိုင်ငံသားပီသရန် အခွင့် အရေးသည် လက်တစ်ကမ်းအလိုတွင် ရှိနေသည်ပဲ ဖြစ်သည်။ညနေအချိန်အခါ ရောက်သည်နှင့် အရိပ်တပ်ဖွဲ့များအားလုံး မြင်းကိုယ်စီဖြင့် မြို့တော်မှ ထွက်ခွာလာကြသည်။ ခရီးအကွာအဝေးကြာချိန်ကို လျှော့ချနိုင်ရန်ဖြစ်သည်။ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ပြီးသည်နှင့် ပြန်လည်ထွက်ခွာရမည် ဖြစ်သည်။ ဂိုလျောပိုင်နက်ထဲတွင် မင်းသားတစ်ပါးကို လုပ်ကြံရခြင်းသည် မိမိသေတွင်း မိမိတူးသည်နှင့်တူသည်။အသက်ရှငိလျက်ပြန်ထွက်လာရမည်မှာ သာမန်လူတို့အဖို့ မသေချာလှသော်လည်း မိမိတို့ အရိပ်တပ်ဖွဲ့အတွက်တော့ လွယ်လွယ်ကူကူပင် ဖြစ်သည်။သိပ်မကြာခင် ရက်ပိုင်းတွင် အင်ချွန်းတောင်ခြေသို့ ရောက်ရှိပြီ ဖြစ်သည်။ မိမိတို့တပ်ဖွဲ့ သည်လည်း အနားယူရန် တည်းခိုဆောင် ရှာလိုက်သည်။ တည်းခိုဆောင်ရှာတွေ့သည်နှင့် တစ်ဆောင်လုံးအပြတ်ငှားကာ လူသူကင်းမဲ့စေသည်။ မိမိတို့အတွက် ငွေကြေးသည် အရေးမကြီးသော်လည်း တိတ်ဆိတ်ခြင်းက ပိုအရေးကြီးသည်။ မိမိတို့လို မျက်နှာစိမ်းဧည့်သည်အဖွဲ့လိုက်ကြီး ရောက်လာခြင်းသည် ကောင်းသော ရောက်လာခြင်း မဟုတ်သည်ကို အားလုံးပင် သိရှိထားကြသည် မဟုတ်ပါလား။မိမိလည်း အရိပ်တပ်ဖွဲ့အား

ESTÁS LEYENDO
perfect soulmate {Completed}
Historical Fictionအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo