အချိန်အတော်ကြာဆွေးနွေးသည့်နောက် အတည်ပြုနိုင်သည်ကား ယူဟေးမျိုးနွယ်စုကို အနုနည်းနှင့်နှင့် မရလျှင် အကြမ်းနည်းနှင့် သိမ်းပိုက်ရန်သာ ဖြစ်သည်။
ထို့ကြောင့် ယူဟေးမျိုးနွယ်စု၏ ဓလေ့ထုံးစံများကို အားလုံးသိအောင် ပြောပြလာသူက အိုဂျွန်းသာ။
" သူတို့မျိုးနွယ်စုက တသီးတခြားနေကြတာမို့လို့ ဂိုလျောတို့ ရှီလာတို့က အာရုံမစိုက်ခဲ့ကြဘူး မျိုးနွယ်စုငါးစုလုံးပေါင်းရင်တောင် စစ်သည်ပေါင်းက တစ်သောင်းကျော်လောက်ပဲ ရှိတာမို့ စစ်သည်ပေါင်း တစ်သိန်းနှစ်သိန်းလောက် ရှိနေတဲ့ ဂိုလျောတို့ ဘတ်ဂျယ်တို့က အာရုံမစိုက်တာ သဘာဝကျတယ်လေ"
" သူတို့က ဘယ်လိုအသက်မွေးကြတာလဲ လွင်ပြင်ဒေသမှာဆိုတော့လေ"
လီယောလ်သည် ဂိုလျော၏ မင်းသားတစ်ပါးဖြစ်ခဲ့သော်လည်း ဂိုလျော၏ အကြောင်းများကို ယခုမှ စတင်သင်ယူနေဆဲပင် ဖြစ်သည်။
အိုဂျွန်းနှင့် ခေါင်းဆောင်ဂျိုထံမှ မြေအနေအထားနှင့် စစ်နည်းဗျူဟာတို့ကို လေ့လာသင်ယူနေရသည့် အနေအထားပင် ဖြစ်သည်မို့ အသေးစိတ်ကအစ သတိထားသူ ဖြစ်သည်။
ယောလ်၏ အမေးကို ဖြေလာသူက ခေါင်းဆောင်ဂျိုပင် ဖြစ်လာသည်။ သူက အမေးကို အမေးဖြင့်ပင်တုံ့ပြန်လာသည်။
" မင်းသားကရော သူတို့ဘယ်လိုအသက်မွေးတယ် ထင်လဲ"
" လွင်ပြင်ဆိုတော့ စိုက်ပျိုးမွေးမြူတာကိုပဲ လုပ်လို့ရမယ် ပြီးတော့ တောင်တန်းတွေ နောက်ခံမရှိတာမို့ အမဲလိုက်လို့မရဘူး"
" မှန်ပါတယ် ယူဟေးမျိုးနွယ်စုကို ကျွန်တော်တို့သာ ရလိုက်ရင် ကောင်းကျိုးက အတော်လေးများတယ် လူအင်အားရမယ် စိုက်ပျိုးမွေးမြူရေးလုပ်တဲ့အတွက် ရိက္ခာအတွက်လည်း မပူရသလို နောက်တစ်ချက်က ယူဟေးက တကယ်ကို မွေးမြူရေး ကောင်းကောင်းလုပ်တာကြောင့် စစ်သည်တွေအတွက် လိုအပ်တဲ့ မြင်းကောင်းတွေလည်း ရနိုင်တယ်"
ခေါင်းဆောင်ဂျို၏ ထောက်ပြချက်မှာ အလွန်ပင်မှန်ကန်နေလေသည်။ ထို့ကြောင့် ဟူဟေးကို သိမ်းပိုက်ရန်လိုအပ်သည်မှာ အမှန်ပင် ဖြစ်သည်။
YOU ARE READING
perfect soulmate {Completed}
Historical Fictionအချစ်ဆိုတာ တကယ်တော့ ပြီးပြည့်စုံစေခြင်းပဲ ( Uni & Zawgyi ) Chanbaek 😍 crd for cover photo