[36]

1.2K 222 8
                                    

ယောလ်၏ သတင်းကို ကြားသည်နှင့် ဆောဂျီလည်း ငိုတော့သည်။ဆောဂျီ၏ အမျိုးသမီးမှာမူ ငိုသည့် အချိန်ပင် မရလိုက်ရှာ။ အရင်ကတည်းက စိတ်လှုပ်ရှားလွယ်သူမို့ သတိလစ်သွားရသည်။ မင်လေးကလည်း မျက်နှာမကောင်းလှ။

အားလုံးက စိတ်မကောင်းကြသော်လည်း မင်လေးကတော့ အဆိုးဆုံးပင် ဖြစ်သည်။ အချိန်ပြည့် ဟျွန်း၏ ပုလဲအိတ်လေးကို ကိုင်ကာ တိတ်တဆိတ်ငိုလေ့ရှိသည်။ အမြဲတစေပင် သူ၏ မျက်လုံးများက ရဲနေလေ့ ရှိသည်။

ရက်အနည်းငယ် ကြာသည့်အထိ စကားလည်း မပြောဘဲ အိမ်တစ်အိမ်လုံး တိတ်ဆိတ်သွားရသည်။ ဆောဂျီ၏ ၀၀တုတ်တုတ်ကိုယ်လုံးကြီးပင် ရက်အနည်းငယ်အတွင်း ယူပစ်လိုက်သလိုပင် ပိန်ချုံးသွားရသည်။

ယခုလည်း နံနက်စာ စားပြီး အိုဂျွန်းတစ်ယောက်တည်း ခြံထဲတွင် လမ်းလျှောက်နေခိုက် ရောက်လာသည်က မင်လေးပင် ဖြစ်သည်။ တစ်ခုခု ပြောချင်ဟန် ရှိသည်မို့ အိုဂျွန်းလည်း လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။

အိုဂျွန်း၏ ရှေ့တွင် ရပ်နေသော မင်လေးလက်ထဲတွင် ပုလဲအိတ်လေးပါ ကိုင်ဆောင်ထားလျက်ရှိသည်။ မျက်ဝန်းများကတော့ ထုံးစံအတိုင်းပင် ဆွေးဆွေးမြည့်မြည့်။

" ဘယ်လိုပဲ တွေးတွေး ဒီလိုနေလို့တော့ မဖြစ်ဘူး ထင်တယ်"

အဆက်အစပ်မရှိစပြောသော မင်လေးကြောင့် အိုဂျွန်းလည်း နားမလည်။ ထို့ကြောင့် မျက်ဝန်းများမှ နားမလည်ကြောင်း ပြသလိုက်သည်နှင့် မင်လေးက ဆက်ပြောလာခဲ့သည်။

" ဘယ်လိုပဲတွေးတွေး ဟျွန်းလေး သေသွားပြီလို့ လက်ခံလို့မရဘူး ဒါ့ကြောင့် ဒီလိုနေလို့လည်း မဖြစ်ဘူး သူတို့ အန္တရာယ်ဖြစ်တာကို ခံစားလို့ရနေပေမဲ့ သေပြီဆိုတာ လက်မခံနိုင်ဘူး"

" ဒီတော့ ပြောချင်တာက ........"

" လိုက်ရှာမယ်"

မင်လေး၏ အပြောကြောင့် အိုဂျွန်းမှာ မျက်လုံးပြူးသွားရသည်။ ညီငယ်ကို ကာကွယ်ချင်သည့် အစ်ကိုတစ်ယောက်၏အားမာန်ကို မင်လေး၏ မျက်နှာတွင် တွေ့နေရသည်။

အိုဂျွန်းလည်း ကိုယ်ချင်းစာမိပါသည်။ မိမိလေးစားရသော သူထံမှ တောင်းဆိုချက်အတိုင်း ဘေးမသီ ရန်မခ ကာကွယ် စောင့်ရှောက်မည် ဆိုသောကတိကို မတည်နိုင်ခဲ့။

perfect soulmate   {Completed}Where stories live. Discover now