Dear Maria

604 18 2
                                    

မြို့ပြနဲ့မနီးမဝေး အတော်သန့်စည်ကားလှသော ငြိမ်းချမ်းလှပသော မြို့လေးမှာ Young ဆိုသော မိဘမဲ့ကလေးကျောင်းလေး တစ်ကျောင်းရှိသည်။

ထို ကျောင်းလေးမှ ပုံပြင်လေးတစ်ပုဒ် က စတင်စီးဆင်းလာခဲ့သည်။🍃🍃🍃

ဇာတ်လမ်းလေးက 🍃🍃🍃 မိုးတွေ သည်းသည်းမည်းမည်းရွာနေသော ညတစ်ည မှာ ဒါဏ်ရာများဖြင့် ရောက်လာသော အသက် ၆ နှစ် အရွယ်လောက်သာ ရှိသေးသော ကလေးငယ်လေးတစ်ယောက် ရောက်ရှိလာရာမှ ...

မိဘမဲ့ကျောင်းတွင် မွေးကာစကတည်းက စွန့်ပစ်ခံရကာ မိဘမဲ့ကျောင်းမှာပဲ ပျော်ရွှင်စွာကြီးပျင်းလာသော Maria အသက် ၆ နှစ်ကျော် သာ ရှိသေးသော်လည်း အရိပ်အကဲသိပြီး အမြဲပြုံးရွှင်ကာ သူများအပေါ်နွေးနွေးထွေးထွေးဆက်ဆံတတ်သည်။ Young ဂေဟာရဲ့ Angel လေးဟုရတင်စားခံရလောက်သည်အထိ ချစ်စဖွယ်ကောင်းလွန်းလှသည့် သူမနဲ့ ဂေဟာသို့ ရောက်လာပြီးကတည်းက အမြဲတစ်ယောက်ထဲ တိတ်ဆိတ်စွာနေတတ်သော Sharr ။

Maria နဲ့ Sharr ဟာ ဆန့်ကျင်ဘက်ကမ္ဘာနှစ်ခုလို့ထင်ရလောက်အောင် အမူအကျင့်တွေခြားနားပေမယ့်လည်း သူမတို့နှစ်ဦးဟာ ခွဲမရလောက်အောင် တတွဲတွဲရှိခဲ့ကြသည်။

အမြဲအေးစက်စက်နေတတ်သော Sharr အတွက် Mariaက နေမင်းကြီးဖြစ်ခဲ့ပါတယ်။ သူမစွန့်ပစ်ခံရပြီးနောက်ပိုင်းကတည်းက Maria ဟာ Sharr အတွက် တစ်ခုနည်းသော အရာရာဖြစ်ခဲ့သည်။ ... သို့သော် Maria အသက် 9 နှစ်ပြည့်တွင် မိဘမဲ့ဂေဟာသို့ မွေးစားမယ့် လင်မယားနှစ်ယောက် ရောက်လာသောအခါတွင်.... ☘️☘️

Sharr နဲ့ Maria ဟာ ဝေးကွာသွားခဲ့ပြီး Sharr အတွက်တော့ ဖြေမဆည်နိုင်အောင် နာကျည်းဒေါသထွက်ခဲ့သည်။ မိဘတွေဆီက စွန့်ပစ်မှုကြောင့် ရခဲ့တဲ့နာကျင်မှု အထီးကျန်မှုတွေကို Maria ကြောင့် Sharr ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ... Mariaရဲ့ စွန့်ပစ်မှုကတော့ Sharr အတွက် ခွင့်မလွှတ်နိုင်ခဲ့ပေ...

Young မိဘမဲ့ဂေဟာရဲ့ နွေဦးနဲ့မိုးဦး အတွဲရယ်လို့ တင်စားရလောက်အောင် သိပ်ချစ်ခဲ့ကြတဲ့ ချစ်စရာကောင်မလေးနှစ်ယောက်ဟာ အချင်းချင်း နားလည်မှုအလွဲတွေ နာကျည်းမှုတွေနဲ့ ဝေးကွာသွားခဲ့ပြီးတဲ့ နောက်မှာတော့ 🍂🍂

Why Can't I hold youWhere stories live. Discover now