အနမ်းကိုတော့ ကိုယ်ချစ်ရတဲ့သူအတွက်ပဲ သိမ်းထားချင်တယ်

413 18 2
                                        

Alex သူမရောက်နေသည့်နေရာကို လှည့်ပတ်ကြည့်ရင်းအကဲခတ်လိုက်သည်။ သူမဆီကအဖြေကို မကြားရမချင်း ဒီအိမ်တွင် အကျယ်ချုပ်သဘောမျိုးအဖြစ် သူမကို သူမအကိုမှ ထိန်းသိမ်းထားခြင်းဖြစ်သည်။ အခုချိန်လောက်ဆို သူမပျောက်သွားသည်ကို လူတော်တော်များများသိနေလောက်ပြီ။ သို့သော် ထိုလူတွေ သူမကို ခေါ်ဆောင်သွားသူက ဘယ်သူဆိုတာကိုတော့ ခန့်မှန်းနိုင်ဖို့တော့ မဖြစ်နိုင်သေးဘူးဆိုတာ Alex သဘောပေါက်ထားသည်။ သူမကိုယ်တိုင်တောင် သူမကို ဖမ်းဆီးလာသူက သူမအကိုဆိုတာကို မျက်လုံးရှေ့တွင် မြင်လိုက်ရလို့သာ သိလိုက်ရခြင်းဖြစ်သည့်အတွက် Sayar တို့ JJ တို့ မသိနိုင်သေးပေ။ ထို့ကြောင့် စိတ်ပူနေမိသည်။ မဟုတ်ဘူး စိတ်လေးလံနေမိသည်ဆိုရင် ပိုမှန်မည်။

Alex - 💭 ငါ့ကို ဟိုအဖိုးကြီးဖမ်းထားတယ်ထင်ပြီး JJ အလျင်အမြန်ကမှုးရှုးထိုး လုပ်လိုက်မှာကို စိုးတယ်။ Sayar ထိန်းနိုင်ပါစေလို့ ဆုတောင်းရမှာပဲ။ သူတို့သာ ငါမပါပဲ လှုပ်ရှားလိုက်ရင် နှစ်အတော်ကြာ စီစဉ်ထားတာတွေ ပျက်ကုန်မှာကို ငါစိုးတယ်။ ငါကလည်း ဒီလိုဖမ်းခံထားရတာကနေ ချက်ချင်းလွှတ်ဖို့က မဖြစ်နိုင်သေးသလို၊ မစီစဉ်ပဲ ထွက်ပြေးဖို့ကလည်း အစောင့်တွေရှိနေသေးတယ်။ အခုလောလောဆယ်တော့ ဒီမှာအခြေနေစောင့်ကြည့်နေရမှာပဲ အရင်ဆုံးဖုန်းတစ်လုံးတော့ ရအောင်ယူရမယ်။ အာ! ခြေသံကြားတယ် ။ 💭

Alex သူမအတွက် လုပ်ထားတဲ့ အိပ်ခန်းအတွင်းသို့ ပြေးဝင်လိုက်သည်။ မကြာခင်မှာပဲ အခန်းတံခါးခေါက်သံကြားလိုက်ပြီး မိန်ကလေးတစ်ယောက် အဝတ်တွေကိုင်ကာ ရပ်နေသည်။ ထိုမိန်းကလေးကို ကြည့်ရင်း Alex နှုတ်ခမ်းကို တွန့်ကာ ခပ်ရွှဲ့ရွှဲ့ ပြုံးလိုက်သည်။

Alex - "ဟ ! မင်းမှန်း ကိုယ်ခန့်မှန်းထားပြီးသားပါ။ ဒါပေမယ့် ဘယ်ဘက်ကမှန်းသာ မသိသေးလို့ ကိုယ် မင်းကိုဆက်စောင့်ကြည့်နေခဲ့တာ Rose.!.."
Rose - " တောင်းပန်ပါတယ် DD! ဒီမှာ DD အတွက် ဒီရက်တွေမှာ ဝတ်ဖို့ အဝတ်စားတွေပါ underwear တွေကိုတော့ အဆင်ပြေမယ့်ဟာလေးတွေ မှန်းပြီးဝယ်ခဲ့ပါတယ်။ တခြားလိုတာများရှိရင်....ဟို.. D..D

Why Can't I hold youWhere stories live. Discover now