Alex , သူမခါးကို ဖက်ထားသည့် (Back Hug လုပ်ထားတာပါနော်) Sayar(Linn) ရဲ့ လက်နှစ်ဖက်ကို သူမလက်ဖြင့် ဖြေးညင်းစွာ ဆွဲဖယ်လိုက်ပြီး....
" ဘာပဲပြောပြော ငါမလုပ်နိုင်ဘူး Linn ငါ ငါ့အကိုကို သစ္စာဖောက်သလို... "
" အာ~ ဟား နင်က လည်း ငါက ဒီအတိုင်းနင်စိတ်ညစ်နေလားလို့ အားပေးတာပါ နင်က စိတ်ညစ်စရာရှိရင် အမြဲ တသ်ယောက်နည်း နှုတ်ဆိတ်နေတတ်လို့လေ အာ့တာကြောင့်ပါ...... "
" အာ အာ့လိုလား ကျေးဇူးပါ Linn"
" အင်း လာလေ နင့်အိမ်အသစ်ကို သွားကြည့်ချင်လှပြီ လာ ငါတို့ စျေးဝင် ဝယ်ရင်ကောင်းမယ် ထင်တယ်နော် အိမ်အသစ်ဆိုတော့ ဘာမှ မရှိလောက်ဘူး... "
" အင်း အာ့လိုလုပ်မလား?"
" အင်း ငါရှယ်ချက်ကျွေးမယ် လာ "
" အင်း"
🏡🏡🏡🏡🏡" ဟူး 😪😪😪😤😤 "
Sara စာကြည့်စားပွဲမှာ ထိုင်နေရင်း သူမ ကုတင်ပေါ်တွင် ဖုန်းကိုကြည့်လိုက် ချလိုက်နဲ့ ဂနာမငြိမ်ပဲ သက်ပြင်းချချ နေတဲ့ Merry ကို လှမ်းကြည့်ပြီး
" ရား တော်ရုံပဲ သက်ပြင်းချတော့ နင့်နားနေရတာ ဆယ်နှစ်လောက်အိုစာနေပြီ ၊ ပြီးတော့ ဒီကုတင်ပေါ်ကနေ နင်ဖယ်စမ်း ဖယ်လိုက်တော့ လူးလိမ့်နေတာ ရစရာလည်းမရှိတော့ဘူး နင်အိမ်မပြန်ဘူးလား Merry ဘယ်အချိန်ထိ ငါ့အိမ်မှာ...... "
" ဟာ အခုချိန်ထိ ဖုန်းတချက်မဆက် Message မပို့ဘူးပေါ့ ဒင်းက ငါက တအားချစ်ပြနေတော့ ဟွန်း😠"
" နင် နင် ရား နင် ငါပြောတာကော ကြားရဲ့လား!!!!"
" အာ ပြဲလိုက်တာ Sara ရယ် ငါမပြန်ဘူး ဒီနေ့ ဒီမှာ အိပ်မှာ အိမ်ပြန်ရင် Alex နဲ့တွေ့နေရလိမ့်မယ် သူ့မြင်ရင် ငါ့စိတ်တွေ... ဘာဖြစ်ဖြစ် ငါအခုလောလောဆယ် သူ့ကို မမြင်ချင်ဘူး အရူးကြီး အရူးမကြီး!!!!"
" ဟူး နင့်အချစ်ရေးက ရှုတ်ထွေးလိုက်တာ ဟာ ဖယ်စမ်း ငါလည်းလှဲအုန်းမယ် ကုတင်ကို နင်တယောက်ထဲ အပိုင်စီးဖို့ စဉ်းစားနေတာလား??"
" နင့်အခန်းကနေ ကောင်းကင်ကြီးကို ကောင်းကောင်းမြင်ရတာပဲ ဒီနေ့ လပြည့်နေ့လား??"
YOU ARE READING
Why Can't I hold you
Romance#Yuri#Girllove#Romance#Drama#Love#🔞alittle warning#TeenFiction#🌈 #GirlloveGirl #Girl x Girl #Lesbian#Lesbianlove#Lovehasenogender#Koo#❤️❤️ (Unicode+Zawgyi )