Save Me ,

386 16 0
                                        


Merry, Sayar(Linn) ကို ပြန်လွှတ်ပြီးနောက် Alexကို ကုတင်ပေါ်တင်ပြီး ရေပတ်ဝတ်ဖြင့် သန့်ရှင်းရေး လုပ်ပေးနေသည်။ အိပ်နေချိန်မှာတောင် ဒီလှပတဲ့ မျက်နှာလေးဟာ ပူပန်မှုတွေ ပြည့်နေတယ်။ Alex ပါးလေးကို ဖွဖွလေး ပွတ်သပ်နေရင်း..... အင်္ကျီကော်လံကြားမှ ဟဟ လေး မြင်နေရသော Alexလည်တိုင်လေးကို Merry , နှာခေါင်းလေးတိုးဝင်ပြီး ရှုရှိုက်လိုက်သည်။ Alexရဲ့ အနံ့လေး ဒီလိုသောက်ထားချိန်မှာတောင် ပျောက်မသွားတဲ့ Alex's ရနံ့လေး.......... ။ Merry ကော်လံကြားမှ Alex's လည်တိုင်တဝိုက်ကို တိုးဝှေ့နမ်းရှိုက်ရင်း ဂုတ်သားဖြူဖြူလေးကို ဖွဖွလေးငုံကာ ကိုက်လိုက်သည်။

Alex- " အ ! Ahhhh!"

ညရဲ့တိတ်ဆိတ်မှုမှာ သူမရဲ့ ကြင်နာမှုကြောင့် တိုးတိုးလေး ထွက်လာသည့် Alexရဲ့ ညည်းသံလေး.... Merry ရှေ့ဆက်တိုးချင်လာသော သူမစိတ်ကို ပြန်ထိန်းရင်း ကုတင်ပေါ်မှ ခေါင်းအုံးတစ်လုံးကို ဆွဲယူလိုက်သည်။ Alex ဘေးမှာ အိပ်ဖို့ သူမကိုယ် သူမအာမ မခံနိုင်သောကြောင့် အပြင်က ဆိုဖာပေါ်မှာ အိပ်တာသာ အကောင်းဆုံးဟု Merry ဆုံးဖြတ်ကာ သွားရန်ပြင်လိုက်သည်။ သူမလက်ကို လှမ်းဆွဲလိုက်သည့် လက်ကြောင့်

"ကယ်တင်ပေးပါ.. ကျေးဇူးပြုပြီး ဘယ်သူပဲ ဖြစ်ဖြစ် တစ်ယောက်လောက် တစ်ယောက်လောက်ပဲ... အ အရမ်း အရမ်း......"

အိပ်ရင်းယောင်နေဟန်တူသော Alex, သူမလက်ကို ဆွဲထားရင်း ငြီးတွားရေရွက်ကာ ဝမ်းနည်နေသော ကလေးတစ်ယောက်လို ငိုကြွေးနေကြောင့် သူမရင်တွေနာရပါတယ်။ သူမ သိပ်ချစ်ရတဲ့ Alexတစ်​ယောက် ဒီလို နာကျင်နေရချိန်တိုင်းမှာ Merry နာကျင်လွန်းလို့ ရင်ထဲမှာ အကြိမ်ကြိမ်သေပါတယ်။ ဒါပေမယ့် ဒီလို.. ဒီလို မျိုး နာကျင်စွာ အကူညီတောင်းနေတဲ့ Alexလက်လေးကို တင်းတင်းဆုပ်ကိုင်ပေးရုံသာ၊ နာကျင်မှုနဲ့ မမျှအောင် အနည်းငယ်သာ စီးကျလာသော မျက်ရည်စက်လေးကို သုတ်ပေးရုံသာ တတ်နိုင်တဲ့ သူမဘဝကို Merry မုန်းတယ်။

မနက်ခင်းနေရောင်ခြည်ထက် ပိုနွေးထွေးတောက်ပပြီး လှပလွန်းသော သူမ ချစ်သူလေးအိပ်နေတာကို Merry ကြည့်နေမိသည်။ Alex နဖူးလေးကို ညင်သာစွာ နမ်းလိုက်ပြီး နှုတ်ဆက်လိုက်သည်။

Why Can't I hold youWhere stories live. Discover now