ဒါဆို ဒီနေ့က ကိုယ်တို့ရဲ့ ပထမနေ့ပေါ့😊

667 23 0
                                    

တီ (Merry အမေ) ဆက်တဲ့ဖုန်းကို ချပြီးပြီးချင်း Alex(Charm) , အခန်းထဲမှ ချက်ချင်းပြေးထွက်လိုက်သည်။  ပြေးထွက်လိုက်တဲ့သူမကို Lewistလှမ်းဆွဲကာ..
" Charm ဘာလို့လည်း ? မင်း နေကောင်းခါစလေ အပြင်ထွက်ရင် မိုးစိုလိမ့်မယ်... Charm "

"   ဟုတ်တယ် မိုးရွာနေတယ်..အာ့တာကြောင့် သူ့ကိုအမြန်ရှာရမယ် Merry.. , Merry ပျောက်နေတယ်တဲ့.. သူ့က မိုးကိုမကြိုက်ဘူးလေ အာ့လို ကလေးက ဒီအချိန်မိုးထဲမှာ ဘယ်လောက်တောင်  ကြောက်နေလိုက်မလည်း လွှတ်ပေးပါ.. Lewist ,....Charm.. Merry ဆီကိုသွားရမယ်"

Merry ဘယ်သူ့ဆီမှာမှ ရှိမနေပဲ လုံးဝအဆက်သွယ်မရကာ ပျောက်နေတဲ့ သတင်းကြောင့် တုန်လှုပ်နေတဲ့ Charm(Alex) ကို ကြည့်ကာ Lewsit , Charm လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး...

"   ကိုယ်ရှာပေးပါ့မယ်..  ဒါကြောင့် ခဏလောက် ဒီအခန်းထဲမှာပဲ ထိုင်စောင့်ပေးပါ မဟုတ်ရင် မင်းလဲသွားလိမ့်မယ်.. Merry လည်းဖြစ်စေချင်မှာမဟုတ်ဘူးလေ.,"

"   ဒါပေမယ့် Lewistမှ Merry အကြောင်းမသိတာ.."
"    ကိုယ့်မှာ လူတွေရှိပါတယ်..  Charmဆီမှာ Merry ပုံရှိရင် ကိုယ့်ကို ပို့ပေးလေ.. ပုံရရင် ရပြီ.. ဒါကြောင့် ကိုယ်ဆက်သွယ်တဲ့အထိ စိတ်ငြိမ်ငြိမ်ထားပြီး ထိုင်စောင့်နေနော်"

Lewsit ထွက်သွားတာ ကြာနေပြီ ဖြစ်သော်လည်း..  သူအခုထိ ဖုန်းမဆက်သေးသဖြင့် Alex(Charm) ထိုင်စောင့်နေဖို့ မစဉ်းစားတော့ပဲ Merryကို သူမကိုယ်တိုင် လိုက်ရှာရန် အခန်းထဲမှ ထွက်ကာ ဓာတ်လှေကား ကိုခေါ်လိုက်သည်။

"   အား ကြာလိုက်တာ ဒီဓာတ်လှေကားကလည်း..မြန်မြန်ပွင့်ပါ.."

ဓာတ်လှေကားရှေ့တွင် ဂနာမငြိမ်စွာ စောင့်နေလိုက်ပြီး ဓာတ်လှေကားသူမဆီရောက်ပြီး ပွင့်လာသည်နှင့် ဓာတ်လှေကားထဲ ပြေးဝင်လိုက်သည်။ သို့သော် သူမမျက်လုံးထောင့်မှ တွေ့လိုက်ရသည့် ပုံစံတစ်ခုကြောင့်.. ဓာတ်လှေကားထဲဝင်မယ့် သူမခြေလှမ်းတွေကို Alex ရုပ်သိမ်းလိုက်သည်။  ပြီးနောက် သူမအခန်းရှေ့ တံခါးဝတွင် ခွေခွေလေးမှီကာ ထိုင်နေသည့် Merry ဆီကို လျှောက်သွားလိုက်သည်။ ထောင်ထားတဲ့ ဒူးခေါင်းပေါ်ကို လက်တင်ကာ ခေါင်းကို လက်ပေါ်တင်ပြီး အိပ်ပျော်နေသည့် Merry ဆံပင်လေးကို Alex ဖွဖွလေး ထိကိုင်လိုက်သည်။  Merry လှုပ်လာသည့် အတွက်ကြောင့် Alexလက်ကို ရုပ်လိုက်ပြီး...

Why Can't I hold youWhere stories live. Discover now