အစကတည်းက ငါတို့ဆိုတာ မရှိဘူး။ သူကသူ ငါကငါ၊❣️❣️

398 24 0
                                    

Alex,    Company ရှေ့သို့ ရောက်ချိန်တွင် သတင်းထောက်များနှင့် စာနယ်ဇင်းသမားများ ရောက်ရှိနေကြပြီဖြစ်သည်။ ကားပါကင်  အတွင်းတွင်ပင် တချို့သတင်းထောက်များ မယောင်မလည်စောင့်ကြည့်နေကြသည်။

Alex ကားပေါ်မှ ဆင်းလိုက်ပြီး သူမကို အသင့်လာစောင့်နေသည့် Sayar(Linn) နဲ့ အတူ ရုံးအတွင်းသို့ ဝင်လိုက်သည်။

Alex - "Sayar,မင်းဘာလို့ ဒီလို လုပ်လိုက်တာလည်း? ကိုယ့် အာ့သတင်းထောက်နဲ့ တွေ့ချင်တယ်။"

Sayar - "နင် Merry ကြောင့် တွေဝေနေတာကို ငါတို့ ဘယ်လိုမှကြည့်မနေနိုင်ဘူး။ ဒါတွေက အခုမဟုတ်လည်း နောင်တချိန် သုံးမှာ.. ငါက အချိန်စောသုံးလိုက်တာပဲရှိတယ်။"

Alex - "Sayar!!!!!!"
Sayar - "ငါ့ကို အာ့လို မကြည့်နဲ့ Alex, ဒီတခါတော့ ငါလည်း ဆုံးဖြတ်ချင်တယ်။"
စကားကိုပြောပြီးပြီးချင်း သူမရှေ့မှ အမြန်လျှောက်ကာ ထွက်သွားသော Sayarနောက်ကျောကို ကြည့်ရင်း Alex သူမစိတ်ပူပန်လာရင် လုပ်တတ်သော အကျင့် လက်ညှိုးကို ကွေးပြီး လက်မဖြင့် ဖိကပ်ဆုပ်ထားလိုက်သည်။။အိတ်ထဲမှ ဖုန်းကို ထုတ်ပြီး...

Alex - " Hello! JJ ရှယ်ယာရှင်တွေဆီကို စာပို့ပေးပါ။ ဒီ Company ကြီးရဲ့ ခေါင်းဆောင်ကို ပြောင်းလဲတော့မှာမလို့။"
----------------------------------------------------------------------
Chairman(Merry's Father) - " ဖြောင်း!!! ဒီ ခွေးသူတောင်းစားတွေကတော့ ..ငါ့သမီးကို ပြန်သုံးသွားတယ်ပေါ့။ မင်းလည်း စောက်သုံးမကျဘူးပဲ Jozet သွား အခုချက်ချင်း Merry ကို ငါ့ဆီခေါ်ခဲ့။"
Jozet နှုတ်ခမ်းမှ သွေးစများကို သုတ်လိုက်ပြီး Merry ကို သွားခေါ်ရန် ထိုနေရာမှ ထွက်လာခဲ့သည်။

Chairman - "ဟင်း ဒီလိုစာရင်းလေးတွေလောက်နဲ့ ငါ့ကို တိုက်ခိုက်ချင်တယ်ပေါ့ အရမ်းကို ရိုးရှင်းလွန်းတာပဲ Alex,   ဒါပေါ့ မျိုးရိုးလိုက်တာပေါ့ မင်းအဖေလည်း အရမ်းကို ရိုးရှင်းလွန်းလို့ ဒီလို ဖြစ်သွားခဲ့ရတာပဲလေ။ အခုတော့ မင်းအလှည့်ပေါ့ Alex, အတော်ကြာမှ ကစားပွဲလေးတစ်ခု မင်းကြောင့် ပြန်ကစားရတော့မှာပေါ့...ဟင်း Hello! အေး ငါပြောသလို စီစဉ်ထားတော့"

Merry, TVမှ ကြည့်လက်စသတင်းကို  ပိတ်လိုက်သည်။ အခန်းအတွင်း ပတ်ပြီး သူမဖုန်းကို ရှာကြည့်မိသည်။ ဘယ်မှာ မှမတွေ့သည့်မဆုံး ဆိုဖာပေါ်သိူ့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ပြီး ကြမ်းပြင်သို့ ငေးစိုက်ကြည့်နေမိသည်။

Why Can't I hold youWhere stories live. Discover now