သွေးက စကားပြောတာပဲ

330 16 2
                                    

❣️ ကိုယ့် Reader လေးက ပူဆာလို့ ကြိုးစားပြီး Update လိုက်ပါတယ်နော်❣️
❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️

Merry - " အိုး ဧည့်သည်တွေပါလာတာ ပဲ? Al.. မမ "

Alex - " ကိုယ် ကြိုမပြောမိလိုက်တာ sorry Merryလေး ဒါ ဖေဖေ့ သူငယ်ချင်းပဲလေ Lewistကိုတော့ Merry သိပါတယ် "

Max - " ဒါ Merryလေးလား?? သမီးလေးက သေချာအနီးကပ်ကြည့်တော့ သမီး ဖေဖေနဲ့ တော်တော်တူတာပဲ။ သမီးဖေဖေ Mickel က Uncle တို့ရဲ့ တက္ကသိုလ်က Seniorလေ ။ အခုမှ သေချာ တွေ့ဖြစ်တော့တယ် တွေ့ရတာဝမ်းသာတယ်နော် Merry. "
သူမကို သေသေချာချာကြည့်ကာ စကားတွေရွှန်းရွှန်းဝေအောင် ပြောနေသော Max ဆိုသော ဖေဖေ့သူငယ်ချင်းဆိုသော လူကို Merry ကြောက်မိသည်။ လက်ကို ရှေ့ထုတ်ပြီး Merry နဲ့ လက်ဆွဲနှုတ်ဆက်ရန် လှမ်းထားသောလက်ကို Merry မထိချင်....  ဒါ ဒါပေမယ့် သူမ အားတင်းကာ လက်ကို ဖြေးဖြေးချင်းဆန့်ထုတ်လိုက်သည်။ Merry ရဲ့ အေးစက်ကာ ချွေးပြန်သော လက်လေးဟာ Maxဆိုသော လူရဲ့ ကမ်းထားသော လက်ကို မထိလိုက်ပဲ တစုံတယောက်ရဲ့ လက်ထဲမှာ နွေးထွေးစွာ အဆုံးသတ်သွားသည်။ Alexရဲ့ လက်က Merryလက်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။ ပြီးတော့ Alexကသူမလက်လေးကို ဆုပ်ကိုင်ကာ သူ့အနားကို ဆွဲယူလိုက်သည်။
Alex (Charm) - " ဟား ဒီလိုပဲ မတ်တပ်ကြီးရပ်နေကြတော့မှာလား အချင်းချင်းတွေကိုပဲ တစိမ်းမဆန်ကြပါနဲ့ လာပါ ဝင်ထိုင်ကြပါ။ ဖိတ်ချင်လွန်းလို့သာ Uncleတို့ကို ဖိတ်လာရတာ အိမ်မှာက အထွေထူးဧည့်ခံစရာက မရှိဘူးဖြစ်နေတာ ဟင်းဟင်း..."

ဆိုဖာပေါ် တွင် ထိုင်ကာ စကားပြောနေသည်အထိ သူမလက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပေးသော Alexကို Merryငေးကြည့်နေမိသည်။ သူမထုတ်မပြောလည်း ဒီလို အလိုက်သိတဲ့ ဂရုစိုက်မှုတွေကို Alexက သူမကို အမြဲပေးခဲ့တယ် ဒီလိုAlexကိုတော့ သူမက...

Alex - " Merry ? Merry ??"

Merry အတွေးထဲ မျောနေစဉ် သူမနားလေးသို့ကပ်ကာ ခေါ်နေသည့် Alexအသံကြောင့်

Merry - " အာ အင်း မမ ?"
Alex - " မမနဲ့အတူ ထမင်းစားခန်းထဲလိုက်ပြီး ရေခွက်လေးတွေ ကူသယ်ပေးပါ့လားလို့? ဧည့်သည်တွေကို တခုခုနဲ့တော့ ဧည့်ခံရမယ်လေ အာ့တာက ရေပဲဆိုရင်တောင် "

Why Can't I hold youWhere stories live. Discover now