Lewist ကားကိုမောင်းနေရင်း နောက်ကြည့်မှန်မှ တဆင့် Alexတို့ကိုလှမ်းကြည့်လိုက်သည်။
Lewist - " Merry အိပ်ပျော်နေတာလား?"
Alex - "အင်း အရမ်းကို နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ..."
Lewist - "ပြန်လာနိုင်ခဲ့တာကို ဝမ်းသာပါတယ် Alex..တကယ်ကို မှန်ကန်ပြီးသတ္တိရှိတဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပါ။"
Alex - "ကျေးဇူးပါ Lewist..Alexအတွက်လည်း တကယ်ကို ခက်ခဲခဲ့ပါတယ်။ကိုယ်ချစ်တဲ့လူကို အနောက်မှထားရစ်ပြီး ထွက်သွားဖို့က တကယ်ကိုမလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် အတိတ်က အကြောင်းအရာတွေကြောင့် Merryအနားမှာ ဘာမှမဖြစ်သလိုမျိုး အကောင်းတိုင်းဟန်ဆောင်နေနိုင်ဖို့ကလည်း မဖြစ်နိုင်ခဲ့ဘူးလေ....ဒါပေမယ့် Lewistကို တကယ်ကျေးဇူးတင်ပါတယ် Merryဘေးမှာနေပြီး စောင့်ရှောက်ပေးထားလို့။ Merry တစ်ယောက်ထဲ အထီးကျန်နေမှာကို စိုးရိမ်နေခဲ့တာ။"
Lewist - "ရပါတယ် ဗျာ။ ဒီနေ့လည်း ရုတ်တရက်ကြီး Barကို လာရှာတော့တအားကို အံ့ဩသွားတာ။ Alexတောင်းဆိုတဲ့အတိုင်း Merryကို လိမ်ပြီး Barကို လာခိုင်းလိုက်ပေမယ့် ကိစ္စတွေ အဆင်ပြေပြေပြီးမသွားမှာကို စိုးရိမ်ခဲ့မိသေးတယ်။ ဘာပဲဖြစ်ဖြစ်အခုတော့ ..ကဲ ရောက်ပါပြီ ဗျာ။ ဒါအခု Merry တစ်ယောက်ထဲနေနေတဲ့ အိမ်ပါ။"
Alex - "လိုက်ပို့ပေးလို့ ကျေးဇူးပါ။"
အိမ်ထဲသို့အရောက်တွင် ဆိုဖာပေါ်သို့ Merryကို ပွေ့ထားလျက်သားအတိုင်းထိုင်ချလိုက်သည်။ သူမအမြဲ လွမ်းဆွတ်နေခဲ့ရတဲ့ ဒီမျက်နှာလေး...မျက်နှာလေးကိုငြင်သာစွာထိလိုက်သည်။
Alex - " ကိုယ်က မင်းအတွက် လမင်းကြီးလို့ ပြောခဲ့ဘူးတယ်မလား? မင်းကတော့ အာ့လမင်းကြီးအတွက် လွမ်းနေခဲ့ရတဲ့ ကမ္ဘာကြီးပါ။"

YOU ARE READING
Why Can't I hold you
Lãng mạn#Yuri#Girllove#Romance#Drama#Love#🔞alittle warning#TeenFiction#🌈 #GirlloveGirl #Girl x Girl #Lesbian#Lesbianlove#Lovehasenogender#Koo#❤️❤️ (Unicode+Zawgyi )