ဒီထက်ပိုပြီး ရှောင်ပြေးမနေချင်တော့ဘူး

433 19 0
                                    

Alex( Charm) သူမကို ဆွဲထားတဲ့ Merry လက်လေးတွေကို ဖြုတ်ချပစ်ခဲ့ပြီး နောက်ထပ်တစ်ကြိမ် ဆန္ဒမရှိပေမယ့် Merry အနားမှ ထွက်လာခဲ့သည်။ သူမကို အနောက်မှ တကြော်ကြော် အော်ခေါ်နေတဲ့ Merry အသံကို လျစ်လျူရှုပြီး ကားကိုမောင်းထွက်လာခဲ့သည်။

" Alex...! Alex..! ထပ်ပြီး ထွက်ပြေးပြန်ပြီလား ရား Alex..! တကယ်ပါပဲ.. "

" ငါတို့နှစ်ယောက်ကို အထင်လွဲသွားပြန်ပြီထင်တယ် Merry , ငါ အမကိုယ် ရှင်းပြလိုက်ပါ့မယ်"

" ရတယ် Sara နင်အမှားမရှိပါဘူး နင်ဒီနေ့လို ဆိုင်ကိုခေါ်ပြီးတောင်းပန်စရာကို မလိုပါဘူး နင်က ငါ့အတွက်အမြဲ အကောင်းဆုံးသူငယ်ချင်းပဲလေ.......ငါဒီလောက်နဲ့ပဲ ပြန်လိုက်တော့မယ်ဟာ ဒီနေ့အတွက်ကျေးဇူး "

" အင်း ငါလည်း ကျေးဇူးတင်ပါတယ် Merry..., ငါ့သူငယ်ချင်းလေး Fighting တစ်နေ့တော့ နင့်ကို အမAlexလက်ခံလာမှာပါ"

" အင်း ငါ သူ့ကို အကြာကြီးစောင့်ခဲ့ရပြီးပြီး အခုထပ်စောင့်ရလည်း ငါစောင့်နိုင်တယ် သူ ငါ့ကို လက်မလျော့ခဲ့သလို ငါကလည်း Alexကို လက်လျော့ဖို စိတ်ကူးမရှိဘူး.. သူကို့ ငါ့အပိုင်ဖြစ်အောင်ကို လုပ်မှာ"
...........
Khaid သူ့ရဲ့ ချစ်ရတဲ့ ဇနီးလောင်းလေးနဲ့ အတူတူ မွေးရပ်မြေမှာ ဒီလိုမျိုးအတူတူ ညစာ စားနေခွင့်သဖြင့် ပျော်ရွှင်နေမိသည်။ သို့သော် သူ့နားထဲကို ဝင်လာသည့် အသံတွေကြောင့်......နာမည်တစ်ခုကို အော်ခေါ်နေသည့်အသံကြောင့် ဆိုင်အပြင်ဘက်ကို လှမ်းကြည့်မိသည်။

" ကို! ဘာဖြစ်လို့လည်း ??"

" အော် ဘာမှမဟုတ်ပါဘူး အသံတစ်ခုကြားလိုက်လို့... ဟိုဘက်လမ်းက ကော်ဖီဆိုင်ကထင်တယ်.... "

" ဟုတ်လား ? အင်း အလယ်မှာ လမ်းမကြီးပဲခြားတာဆိုတော့ အသံတွေက ကြားနေရမှာ, ကို ကဆူညံတာ မကြိုက်ဘူးလား ? အာ့လိုမှန်းသိ အခန်းသီးသန့်ယူလိုက်ပါတယ်..."

" ဟင် ကိုယ့်ဇနီးလေး Linn (Sayar) ကိုယ်မင်းစီစဉ်ထားတာ အကုန်သဘောကျပါတယ်...မင်းဒီလို ကိုယ့်ရှေ့မှာရှိနေရင်ကို ပြည့်စုံနေပါပြီ..."

" အာ ကိုကတော့ ဒီလိုမျိုး အချိုစကားတွေကို မျက်တောင်မခတ်ပဲ ပြောရဲလိုက်တာ ဟွန်း"

Why Can't I hold youWhere stories live. Discover now